Part (4)

50.6K 4.2K 356
                                    

Zawgyi

မောင့်အတွက်မနက်စာပြင်ပြီးတာနဲ့ စားပွဲဝိုင်းတွင် စိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်သည်။ ခဏအကြာတွင် မောင်က ခေါင်းကိုမော့လို့ မာနကြီးသူတစ်ယောက်၏ အသွင်အပြင်ဖြင့် လောကကြီးကိုစိန်ခေါ်နေဟန်ပြုကာ အောက်ဆင်းလာသည်။ ခဲရောင်ရှပ်လက်ရှည်နှင့် ပန့်အနက်ရောင်က မောင့်သန်မာမှုများကို လှစ်ဟနေ၏။ မောင်က ခပ်မဲ့မဲ့တစ်ချက်ပြုံးကာ သူ့အားစောင်းကြည့်လာသည်။ အရွဲ့တိုက်သည့်အပြုံးမှန်း သိလျက်နဲ့တောင် သူ့မှာ ရင်တွေခုန်ရသည်။ ဆယ်စုနှစ်ကျော်အောင် မောင့်ကို တိတ်တဆိတ်ချစ်လာခဲ့ပြီး အမှန်တကယ်ပိုင်ဆိုင်ရတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကန့်သတ်ချက်မှာတင် ရပ်တန့်နေတော့သည်။

" မောင် ထိုင် ငါ မုန့်ဟင်းခါး ထည့်ပေးမယ် "

မုန်ဟင်းခါးဖက်ကို ပန်းကန်ထဲထည့်ကာ ငါးအသားဖက်များကြက်ဥများ ၊ ငှက်ပျောအူအဖက်များဖြင့် ရောနေသော ဟင်းရည်ပျစ်ပျစ်ကို ထည့်ပေးရင်းမောင့်ကိုပေးလိုက်သည်။

" မောင် ကြိုက်ရင်များများထည့်စားနော် ငါမနက်အစောကြီးထပြီးချက်ထားတာ "

" ငါ့ကို ဝမ်းလျှောအောင် တမင်လုပ်နေတာလား "

" ဟမ် စကားအဖြစ်ပြောတာလေ လော်ကွတ်ချော်တာပေါ့ ဘယ်လိုလဲ စားကောင်းရဲ့လား "

" အင်း အရင်ကလက်ရာအတိုင်းပဲ ၊ လုံးဝပြောင်းမသွားဘူး ဒါနဲ့မင်းကဆိုင်သွားမယ့်ဟာကို ဘာလို့အဝတ်စားအသစ်တွေဝတ်ထားတာလဲ "

တည်မြဲ၏ စကားကို မှိုင်းညို့ကမျက်မှောင်တစ်ချက်ကျုံ့ကာပြန်ဖြေသည်။

" ဒီနေ့ မေမေ့ရဲ့ သုံးနှစ်ပြည့်ရက်လည်လေ ၊ မောင်မေ့နေတာလား အင်းပေါ့ အလုပ်ရှုပ်နေတာဆိုတော့လဲ "

မောင်ကလက်တွန့်သွားသည်။ ညို့၏ မေမေက မောင့်ကိုသိပ်ချစ်တာ ကျောင်းသားဘဝတည်းကမောင်အိမ်ကိုလိုက်လာရင် သားလေး သားလေးနှင့်။ မောင်ကလည်း မေမေ့ကိုဆိုသံယောဇဉ်ရှိပါသည်။ မေမေကလည်း သူ့မှာသာ သမီးရှိရင်မောင်နဲ့ပေးစားချင်သည်ဟု တဖွဖွပြောဖူး၏။ ထို့ကြောင့် မောင်က စကာနောက်ကာဖြင့် မိန်းမချောချောသည့် ညို့ကိုလက်ထပ်ယူမည်ဟုပြောခဲ့ဖူးတာ မောင်မှတ်မိပါလေစ။

ASTILLBE (Completed)Where stories live. Discover now