Zawgyi
Wattpadမှာပဲ ဖတ်နိုင်မယ့် special partပါ။
(0.5) အပိုင်းပေါ့။<<<<<<
>>>>>>" အန်တီနွယ် ဘာဖြစ်တယ် အကိုကလေ အကိုက ကိုယ်ဝန်ဆောင်တဲ့အပြင် မွေးပါမွေး ၊ တကယ်လားဗျာ ဘယ်လိုတောင် အံ့သြစရာကောင်းရတာလဲ "
အန်တီနွယ် ဖုန်းဆက်လှမ်းပြော၍ ရဟန်အခုမှသိရခြင်းဖြစ်သည်။ အကိုကလေ ၊ ကိုယ်ဝန်ဆောင်တယ်တဲ့။ ကိုတည်မြဲကမ္ဘာရဲ့ ရင်သွေးကိုလွယ်ပြီး မွေးဖွားပေးတယ်တဲ့။ အမွှာလေးနှစ်ယောက် လူ့လောကထဲကို ရောက်လာပြီတဲ့။ လောကကြီးက ဆန်းကြယ်လိုက်တာ။ အကို ဒီလောက်ထိ လုပ်ပေးမယ်လို့ သူမထင်ခဲ့မိပေ။ အံ့သြနေ၍ ဘာမှတောင်ထပ်မပြောနိုင်တော့ပေ။
" အကိုကလေ ကိုယ်ဝန်ဆောင်ပြီးကလေးမွေးနိုင်တယ်တဲ့ "
" မင်းပြောနေတာ ဘယ်နှစ်ခါရှိပြီလဲ အရင်ဆုံးဖုန်းချလိုက်ပါဦး "
" အကိုက ဘယ်လိုကိုယ်ဝန်ဆောင်နိုင်တာလဲ "
" ပိန်းလိုက်တာ နည်းပညာတွေတိုးတတ်လာတဲ့ခေတ်မှာ ဘာမဆိုဖြစ်နိုင်နေပြီလေ ၊ သားအိမ်အစားထိုးကုသတဲ့နည်းတွေရှိသလို သားအိမ်ထည့်ပြီး ကိုယ်ဝန်ဆောင်လို့တောင်ရနေပြီ "
" ဒါဆို ငါတို့လည်း "
" စိတ်တောင်မကူးနဲ့ "
တစ်ဖက်လူက ဟိုဘက်ကို ချာခနဲလှည့်သွားတော့ ရဟန်ခွန်းသ မျက်နှာညိုးကျသွားသည်။ သူလည်း Keyကို ကိုယ်ဝန်ရအောင်လုပ်ချင်တာပေါ့။
" ဘာဖြစ်တာလဲအဲ့ဒီမျက်နှာက ၊ အခုချက်ချင်းပြင်လိုက်နော် စိတ်မဆိုးခင် "
" စိတ်ကူးရုံလေးတင်ပါ ၊ စိတ်ကူးလို့တောင်မရဘူးလား "
Keyခေါင်းကိုက်လာသည်။ ချစ်သူတွေဖြစ်ပြီးတည်းက သူက သူ့မျက်နှာလှလှလေးနဲ့ မျိုးစုံဖြားယောင်းပြီး အနိုင်ကျင့်နေတာ။ အခု သူများကလေးယူတာနဲ့ သူက ယူချင်နေပြီ။ နှစ်ယောက်သားရဲ့အခြေအနေက သူများတွေလိုဖြစ်လာမှာမဟုတ်ဘူး။ ဒီဆက်ဆံရေးက ဘယ်အချိန်အထိ မြဲမြံနေမယ်မသိတာကြောင့် ဘာကိုမှ လျော့မတွက်ရဲ။ ခုဏက သူပြောတဲ့သတင်းကိုတော့ တကယ်အံ့သြမိနေခဲ့တာ။ လေးစားနေတာဆိုရင် ပိုမှန်မည်ထင်သည်။ ထိုအကိုက တကယ်ကို လေးစားစရာကောင်းနေသည်။
YOU ARE READING
ASTILLBE (Completed)
Teen FictionMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...