Part (33) ( အခုပဲ ကြောင်ငပျင်းလေး ရှိတဲ့နေရာ လိုက်သွားတော့မယ် )

48.4K 4.2K 185
                                    

Zawgyi

" ဦးခန့် မောင့်ဆီလည်း ဖုန်းဆက်လို့မရဘူး ၊ အရင်နေ့တွေက ဖုန်းဆက်ပေမယ့် ဒီနေ့ မောင်ဖုန်းမကိုင်တာ ၊ အိမ်မှာတစ်ခုခုဖြစ်နေလို့လားဟင် "

Recover ပြန်ဖြစ်သည့်ကာလမို့ ကောင်လေး၏မျက်နှာက သွေးရောင်ပြန်သမ်းနေပြီဖြစ်သည်။ သက်သာစပြုလာပြီမို့ လှုပ်လှုပ်ရှားရှားရှိနေပြီဖြစ်၏။ အစပိုင်းကတော့ ချုပ်ရိုးရာနှင့်မို့ လှုပ်ရှားရမှာကြောက်နေပုံပေါ်သည်။ အခုလည်း တည်မြဲကမ္ဘာဆီဖုန်းခေါ်မရ၍ ဒေါက်တာမင်းခန့်ကျော်ကို မျက်လုံးရွဲများဖြင့်ကြည့်လာသည်။

" အလုပ်များနေလို့နေမှာပါ သားရဲ့ "

" အင်းနော် ဒါဆိုလည်းမဆက်တော့ပါဘူး "

" တည်မြဲကမ္ဘာကိုလွမ်းနေပြီလား "

" ဟို ဟုတ်ကဲ့ "

ရဲတွတ်သွားသည့်နားရွက်များကို လက်နှင့်အုပ်ဖုံးကာ ဟုတ်မှန်ကြောင်းခေါင်းငြိမ့်ပြလာသည်။ ဒေါက်တာမင်းခန့်ကျော် ပြုံးလိုက်၏။ ကောင်လေးပြန်လည်သက်သာစကာလမို့ ဘာမှမပြောဖို့ဆုံးဖြတ်လိုက်သည်။ မနေ့ညက နွယ်ဖုန်းဆက်လို့ ဖြစ်သမျှကိစ္စတွေကို အကုန်သိပြီးပြီဖြစ်သည်။ ရိုးတွင်းချဉ်ဆီအလှူရှင် မည်သူမည်ဝါဖြစ်ကြောင်းကို တည်မြဲသိသွားခဲ့သည်။နွယ့်ကို အတိတ်ကအကြောင်းတွေအကုန်ပြန်မေးပြီး ၊ ဦးနောက်က လက်ခံနိုင်သည့်ပမာဏထက်ကျော်လွန်သွားခဲ့ပုံပေါ်သည်။ အခုလည်း ဆေးရုံတင်ထားရသည်တဲ့ ၊ သတိလည်မလာသေးဘူးဟုကြားရသည်။

ဒီစုံတွဲက စိတ်ချင်းများဆက်နေသလားမသိ။ မှိုင်းညို့ရော တည်မြဲကမ္ဘာပါ ဆေးရုံပေါ်ကမဆင်းရသေး။ ဒေါက်တာမင်းခန့်ကျော် ဘာပြောရမှန်းမသိတော့ပေ။

" သား ဗိုက်အောင့်တာနာတာဖြစ်သေးလား ၊ သက်တောင့်သက်သာနေပါ ၊ အတွေးမများနဲ့နော် "

" ဟုတ် မတ်တပ်ရပ်လမ်းလျှောက်ရမှာနည်းနည်းတော့ကြောက်နေတယ် "

" ဒီနေ့မလျှောက်နဲ့ဦး အနားယူလိုက်နော် ၊ ချုပ်ရိုးဖြေပြီးတဲ့အခါ ၊ အနာကျက်တဲ့အခါမှ သားလမ်းပြန်လျှောက်တော့ ၊ သားစားချင်တာတွေကို ဦးခန့်မှာပေးမယ် ၊ အစာပျော့ပျော့ပဲစားသင့်တယ် ၊ သန့်စင်ခန်းဝင်ရင် သားအဆင်မပြေမှာစိုးလို့ ၊ ဒီက ကန်တင်းက အစားအစာတွေ သားခံတွင်းတွေ့မှာမဟုတ်ဘူး ၊ မက်ခရိုနီနဲ့ ပဲသီးချိုဟင်းတို့ ၊ ဆယ်လ်မွန်ငါးပြုတ်တို့ ၊ အသီးအရွက်သုတ်တို့ပဲရတာ "

ASTILLBE (Completed)Where stories live. Discover now