Part (18) ( အချစ်နှင့် ပြောင်းလဲလာသော အတွေးများ )

51.3K 4K 186
                                    

Zawgyi

မောင့်Companyဘက်ကို တစ်ခါမှ ခြေဦးမလှည့်ဖူးတာကြောင့် အခုမြင်နေရသည့် အထပ်မြင့်အဆောက်အအုံကြီးကိုမော့ကြည့်လိုက်သည်။ ဒီနေ့မှ မောင်ကထူးထူးခြားခြား သူ့ရုံးဆီကို ထမင်းချိုင့်လာပို့ခိုင်းသည်။ ဘာစိတ်ကူးပေါက်နေသလဲတော့ ညို့လည်းတွေးမတတ်ပေ။ အိမ်ကdriverနဲ့ ပို့ပေးမယ်ပြောတော့လည်း လက်မခံပဲ ရစ်နေတာကြောင့် ကိုယ်တိုင်လာပို့ဖို့ကိုသဘောတူလိုက်သည်။ လုံခြုံရေးနှစ်ယောက်က ညို့ကိုတွေ့တော့ တံခါးဖွင့်ပေး၏။ ညို့အထဲ ဝင်သွားတော့ မောင့်Companyက တော်တော်လေး ဖွဲ့စည်းပုံကောင်းတာကိုတွေ့လိုက်ရသည်။ဘေးကဖြတ်သွားသည့် ဝန်ထမ်းကောင်မလေးကို လမ်းမေးမှ  မောင့်ရုံးခန်းရှိတဲ့အထပ်ကိုရောက်မှာဖြစ်သည်။ မဟုတ်ရင် ပတ်ရှာနေရဦးမှာ ၊ မောင်က အစည်းအဝေးရှိလို့ ဝေယံ့ကိုလာကြိုခိုင်းလိမ့်မယ်ပြောပေမယ့် ဝေယံ့ခြေရာကိုတောင် အခုထိမမြင်ရသေး။

" ညီမ ကိုတည်မြဲကမ္ဘာရဲ့ ရုံးခန်းက ဘယ်မှာလဲမသိဘူး တစ်ချက်လောက် ပြောပြပေးပါဦး "

" Bossရုံးခန်းက ဓာတ်လှေကားကနေ လေးလွှာကိုတတ်သွား ပြီးရင် ညာကွေ့ ၊ ဒါဆိုရောက်ပါပြီရှင့် ၊ ဒါနဲ့ ဒီကအကိုက Appointment ယူထားလားမသိဘူး အခု Bossက အစည်းအဝေးခန်းထဲမှာရှိနေလို့ပါ "

" မယူထားဘူးညီမ အကို သူ့ကိုနေ့လည်စာလာပို့တာ "

ဝန်ထမ်းမလေးက မျက်မှောင်ကြုတ်ကာ ညို့ကို ခေါင်းအစခြေအဆုံးလေ့လာနေသည်။ ထမင်းချိုင့်ပို့တဲ့သူနဲ့လည်းမတူပါဘူး ၊ ဝတ်ထားတာတွေက အကောင်းစားbrandတွေချည်း ၊ ပြီးတော့ ချောလည်းချောသေးသည်။

" သခင်လေး Bossကို နေ့လည်စာလာပို့တာလား ကျွန်တော်နဲ့လိုက်ခဲ့ပါ ၊ ကျွန်တော် သခင်လေးကိုစောင့်နေတုန်း ဖုန်းလာလို့ ခဏလောက်လွတ်သွားတယ် "

" အင်း ရပါတယ် နေ့လည်စာကိုမင်းပဲ ယူသွားပေးလိုက်တော့ အကို ပြန်တော့မယ် အလုပ်လုပ်စရာကျန်သေးလို့ "

ဝေယံအကြပ်ရိုက်သွားသည်။ Bossက သူ့ရုံးခန်းထဲမှာစောင့်နေလို့ပြောလိုက်တဲ့ဟာကို ၊ သခင်လေး ပြန်သွားရင် ဝေယံတော့ သေပြီ။

ASTILLBE (Completed)Where stories live. Discover now