Extra (8) ( မမျှော်လင့်ထားသော ကိစ္စများ! )

23.7K 1.8K 75
                                    

Zawgyi

မွေးဖွားသည် ၊ ကြီးပြင်းလာကြသည် ၊ အိုသည် ၊ နာသည် ၊ သေသည် ဆိုသည့် အမှန်တရားကို မည်သူမှ မငြင်းဆိုနိုင်ကြပါ။ လူတွေရဲ့ သက်တမ်းက တိုတောင်းလှ၏။ ထိုနည်းတူစွာပင် လူတစ်ယောက်ရဲ့ သက်တမ်းကို ငွေနှင့်ဝယ်ယူဖို့ ခက်ခဲလွန်းလှသည်။

" မေမေ ကျွန်တော်တောင်းပန်ပါတယ် "

ဒုန်း ဒုန်း!

" မောင် မောင်! တော်ပါတော့ လက်တွေ အင့် သွေးထွက်နေပြီလေ "

" မေမေက ဘာလို့ ကျွန်တော့်ကိုထားခဲ့ရတာလဲ ဘာလို့လဲ "

မောင့်မေမေ ဒေါ်လေးနွယ်ရွှေသည် နှလုံးရောဂါနှင့် ဆုံးပါးသွားခဲ့သည်။ အမေ့ကို မနက်စာသွားဖို့သည့် ညို့သည် အမေ ကြမ်းပြင်ပေါ်မှာလဲကျနေသည်ကိုမြင်ပြီး ဆေးရုံကိုချက်ချင်းပို့ခဲ့သော်လည်း အမေ့အသက်ကိုမကယ်နိုင်ခဲ့ပါ။ အမေ့ကုတင်ဘေးတွင် အော်ငိုနေသည့်မောင့်ကိုကြည့်ကာ ရင်တွေကွဲရ၏။ ညို့ကိုယ်တိုင်တောင် မခံမရပ်နိုင် ခံစားနေရတာ သားအရင်းဖြစ်တဲ့မောင်သည် မိခင်ကသူ့အား ထားသွားခဲ့သည်ဆိုတဲ့အတွေးကြောင့် အရူးမီးဝိုင်းဖြစ်နေရှာသည်။ မောင်က ကြမ်းပြင်ကို နဖူးနဲ့ တိုက်နေတာကြောင့် ညို့အတင်းဝိုင်းဆွဲကာမောင့်ကိုဖက်ထားမိသည်။

" မောင် ငါတောင်းပန်ပါတယ် မလုပ် မောင်ရယ် တော်ပါတော့ "

မောင့်နဖူးမှာသွေးတွေကျလာသည်။ ညို့ မောင့်ကိုယ်ကြီးကို အတင်းဖက်ထားရင်း မျက်ရည်တွေကျနေမိသည်။ ငိုချင်တယ် ၊ ရင်ထဲမွန်းကြပ်ပြီး အော်ငိုချင်မိပေမယ့် မောင့်ကို တွန်းအားပေးသလိုဖြစ်မှာကြောက်တာကြောင့် မောင့်ခေါင်းကိုရင်ခွင်ထဲဝှက်ကာ ကျောပြင်ကိုဖွဖွပုတ်မိသည်။ မောင့်အတွက် အားနည်းချက်မဖြစ်ချင်ဘူး အားအင်သာ ဖြစ်ချင်သည်။ မောင့်ခံစားချက်ကို နားလည်တာကြောင့် မောင်ခံစားနေရမယ့် ဝေဒနာမသေးကြောင်း သိပါသည်။ မောင်က စိတ်အရမ်းကြီးတာ။

" ဖေကြီး အီး ဟီး ဘွားဘွားက နိုးမလာတော့ဘူးလားဟင် "

" သား ကမ္ဘာငယ် ဘွားဘွားက "

" ဘွားဘွား ထ ထ သားနဲ့ဆော့ရအောင် "

" သက္ကမဟာသွေး "

ASTILLBE (Completed)Where stories live. Discover now