Part (41) ( သူ့ဗိုက်ထဲမှာ ပဲစေ့လေးတွေရှိနေပြီ! )

56.9K 3.6K 206
                                    

Zawgyi

ဦးသီဟမဟာသွေးနှင့် တည်မြဲကမ္ဘာက မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ မှိုင်းညို့က သူ့အဖေကို ကော်ဖီထည့်ပေးနေပြီး သူ့အဖေဘေးဝင်ထိုင်၏။ ယောက္ခမဖြစ်သူရောက်လာတည်းက ယောကျာ်းကအဖက်လုပ်တာမခံရတော့သည့် တည်မြဲသည် ​ယောက္ခမဖြစ်သူကို မကျေမနပ်ဖြစ်နေမိသည်။ တော်ရုံတန်ရုံဆို တည်မြဲမပြောပါ ၊ အခုဟာက လွန်လွန်းသည်။ ယောက္ခမကြီးက သူ့သားကို သူနဲ့အတူခေါ်အိပ်သည်။ ဟိုတစ်ယောက်ကလည်း အဖေလာတော့ ပျော်ရွှင်ပြီး သူ့အဖေနဲ့သွားအိပ်၏။ သားကို အရမ်းချစ်မှန်းသိသာပေမယ့် သားနဲ့သားမက်ကိုတော့ ခွဲမအိပ်ခိုင်းသင့်ဘူးမလား။

" Big bro ဒါကျွန်တော်တို့ရဲ့ ပထမဆုံးခရီးစဉ်ပဲ ၊ ဒီနေ့လျှောက်လည်ဖို့စဉ်းစားထားတယ် ၊ အဲ့ဒါ big bro လိုက်ပို့နော် "

" ယယ်ရီလည်း ဟိုနေရာကိုသွားချင်တယ် ဘုရားလေ ရွှေတိဂုံဘုရားကိုသွားချင်တယ် ၊ ဒယ်ဒီ့အခန်းထဲမှာ ရွှေတိဂုံဘုရားပုံ ပန်းချီကားချပ်ရှိတယ် ၊ ယယ်ရီရောက်ဖူးချင်တာကြာနေပြီ.."

" မရဘူး ဒီနေ့တော့ "

တည်မြဲ ဝင်ပြောတာကြောင့် ဦးသီဟမဟာသွေးနဲ့ အမွှာနှစ်ယောက်က ကြည့်လာကြသည်။ မှိုင်းညို့ကလည်း မျက်တောင်တစ်ဖျက်ဖျက်ခတ်ကာ ကြည့်နေ၏။

" ဘာလို့လဲ "

" ဒီနေ့ သူ့ကိုဆေးစစ်ဖို့ ဆေးရုံခေါ်သွားမှာ ၊ ဒေါက်တာနဲ့လည်းချိန်းထားပြီးသားမို့ "

" မောင် ဟို.."

မှိုင်းညို့က သူ့အဖေသိသွားမှာစိုးရိမ်နေပုံပေါ်၏၊ တည်မြဲဒီလောက်တော့သဘောပေါက်ပါသည်။ တည်မြဲထင်ထားသလိုပဲ သူ့အဖေက မျက်မှောင်ကြုတ်ကာကြည့်လာသည်။

" တစ်လတစ်ခါ medical check up လုပ်ရတာမို့ မင်းတို့ကို သူမနက်ဖြန်မှလိုက်ပို့လို့ရမှာ ၊ မနက်ဖြန် ငါလည်းအလုပ်အားတော့ ပိုအဆင်ပြေမယ်ထင်တယ် "

" medical check upက ခဏလေးပဲကြာမှာမလား "

" သားငယ် တော်တော့ ၊ သားအကိုက မနက်ဖြန်မှလိုက်ပို့လိမ့်မယ် "

ဦးသီဟမဟာသွေးက အတွန့်မတတ်ပဲသဘောတူလိုက်သည်။ သူတို့ရောက်တုန်းရောက်ခိုက် အနားယူသင့်တယ်ထင်၍ဖြစ်သည်။ မနေ့ညကလည်း အချိန်မတူတော့ အိပ်မပျော်။ ထို့ကြောင့် ကလေးတွေကို တားလိုက်တာဖြစ်သည်။ သားကို ဆေးစစ်ဖို့ခေါ်သွားမယ်ဆိုတော့လည်း မဆိုးလှပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေကိုစောင့်ကြည့်ဦးမည်။

ASTILLBE (Completed)Where stories live. Discover now