Part (27) ( You wanna have a baby? )

51K 3.7K 119
                                    

Zawgyi

" တိုက်စိမ်းမှာ လေလံပွဲရှိတယ်နော် တည်မြဲ ၊ အဲ့ဒီလေလံပွဲက တကယ့်အဖိုးတန်ကြီးကွ တရားဝင်ခွင့်ပြုချက်ရထားတာမျိုးမဟုတ်ပေမယ့် အဲ့ဒီက လေလံအောင်တဲ့လူတွေက အချီကြီးပွတာ ၊ လွန်ခဲ့တဲ့လက မာရှယ် လေလံအောင်တဲ့ ကျောက်စိမ်းက တန်ဖိုးအမြင့်ဆုံးပဲ မင်းလည်းအတွေ့အကြုံရအောင်သွားသင့်တယ် "

သက်နိုင်ဦးက လေလံပွဲတွေ ၊ ပွဲရုံတွေ ၊ လောင်းကစားဝိုင်းတွေ ကြီးကြပ်တဲ့ကောင်ဖြစ်သည်။ ဘယ်နေရာသွားသွားသူရှိနေ၏။ သူချမ်းသာတာက တည်မြဲထက်မကျော်ရင်တောင် တည်မြဲကိုတော့မှီသည်။ သက်နိုင်ဦးက အတင်းတွန်းပို့နေတာကြောင့် တည်မြဲ လေလံပွဲကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။ လေလံပွဲက တခမ်းတနားဖြစ်သည်။ တရားမဝင်ဘူးဆိုရင်တောင် ဘယ်သူကလာတားနိုင်မှာတဲ့လဲ ၊ သက်သေအထောက်အထားမရှိပဲနဲ့သူတို့လာဖမ်းလို့မရပေ။ မြန်မာကကောင်တွေ တစ်စက်မှအသုံးကျတာမဟုတ် ၊ နိုင်ငံခြားလိုနေရာမျိုးမှာဆို မြို့တော်ဝန်နီးနီး အာဏာစက်ပြင်းတဲ့သူတွေမှသာ ရှောင်ပုန်းလို့ရမည်ဖြစ်သည်။ မဟုတ်ရင် အားလုံးဂျေးအောင်းရမှာ။

လေလံပွဲသို့ ဦးဆုံးရောက်နေသူဖြစ်တာကြောင့် တည်မြဲ အရှေ့ဆုံးတွင်နေရာယူလိုက်သည်။ ပြီးနောက် လူများအလျှိုလျှိုရောက်လာကြ၏။ တည်မြဲဘေးမှာအမျိုးသမီးတစ်ယောက်ရှိပြီး ဘေးမှာအမျိုးသားတစ်ယောက်ရှိသည်။ အမျိုးသမီးက သူ့အား မသိမသာအကဲခတ်နေတာတည်မြဲသိသော်လည်း လေလံစင်မြင့်ပေါ်သို့သာ အာရုံအပြည့်အဝစူးစိုက်လိုက်သည်။

" ဒီမှာ ကျွန်မနဲ့ နေရာလဲပေးပါ့လား ကျွန်မ ရှင်ထိုင်နေတဲ့နေရာကို လိုချင်တယ် "

ထိုအမျိုးသမီးရဲ့စကားက ရင့်သီးနေတာကြောင့် တည်မြဲမသိချင်ယောင်ဆောင်လိုက်သည်။ ကောင်းတဲ့နေရာလိုချင်ရင် ဝီရိယရှိရှိစောလာလေ။ သူများနေရာကိုလိုချင်နေသေးတယ်။ တည်မြဲ ဒီလိုဟာမျိုးတွေဆို အထင်သေးသည်။ ထို့ကြောင့်လည်း မကြားသလိုပဲနေလိုက်တာဖြစ်သည်။

" ဒီမှာ ကျွန်မကိုလျစ်လျူရှုရဲတယ်လား "

တည်မြဲရဲ့မျက်လုံးတွေက ထိုအမျိုးသမီးဆီကို စူးခနဲရောက်သွားသည်။ ရွှေရောင်ဆံပင်အခွေအလိပ်တွေနဲ့ အနီရောင်ကိုယ်ကြပ်ပေါင်တိုကိုဝတ်ထားပြီး high heelအနက်နှင့်ဖြစ်သည်။ ဝတ်ပုံစားပုံကအစအချိုးမပြေလှပေ။ တည်မြဲသူ့ကိုကြည့်နေတော့ ဆံပင်ကိုသပ်လိုက်သေးသည်။

ASTILLBE (Completed)Where stories live. Discover now