Part (24) (Can't help falling in love with you)

49.6K 3.5K 122
                                    

Zawgyi

မနေ့က ညို့အိမ်အထိသူလိုက်ဝင်လာပြီး မေမေ့ကို ညို့အဆောင်နေရန်နှင့် သူနဲ့တစ်ခန်းထဲအတူနေမည်ဖြစ်ကြောင်း မရမကခွင့်တောင်းသည်။ မေမေကမငြင်းသလို ညို့သာသဘောတူရင် အဆောင်နေခွင့်ပြုကြောင်းပြောသည်။ အားလုံးကို သူ့သဘောအတိုင်းလုပ်နေပြီး ညို့ဘက်ကိုတစ်ချက်မှမကြည့်သွားပေ။ သူများအိမ်ပေါ်တတ်ပြီး မေမေချက်ကျွေးသမျှကိုတောင် စားသွားလိုက်သေးသည်။ ပြီးမှ ပြန်သွား၏။

" သားအဆောင်နေချင်ရဲ့လား မေမေ့ကိုစိတ်မပူနဲ့ ဘေးအိမ်က အညိုတို့လည်းရှိတော့ မေမေကအဆင်ပြေတယ် ၊ ကျောင်းနဲ့အိမ်ကဝေးတော့ သားအမြဲကျောင်းနောက်ကျတာကြည့်ပြီး မေမေက သားကိုအဆောင်နေခိုင်းမလားတောင်စိတ်ကူးနေတာ "

" မေမေ့ကိုစိတ်မချပါဘူးဗျာ "

မေမေ့ရင်ခွင်ထဲခေါင်းတိုးချွဲတော့ မေမေက ညို့မျက်နှာကိုပွေ့မကာ ပါးပြင်နှစ်ဖက်နှင့် နဖူးကိုနမ်းသည်။ သားလေးကို ထားစရာနေရာမရှိအောင်ချစ်ရသည်။ အရွယ်နဲ့မလိုက်အောင် သိတတ်လိမ္မာလွန်းတဲ့သားကို အညိုတို့ကတောင်ချီးကျူးရသည်။ သားမလုပ်တတ်တာမရှိ ၊ ဟင်းချက် ၊ သိုးမွှေးထိုး ၊ အဝတ်လျှော် အကုန်ရသည်။ ဒေါ်ပိုးမေလုပ်သမျှကို "မေမေပင်ပန်းမှာစိုးလို့" ဆိုသည့်စကားနှင့် အမေကိုချွဲပြီး သူပဲသိမ်းကြုံးလုပ်တာဖြစ်သည်။ သားလူမှန်းသိတတ်စ သုံးလေးနှစ်အရွယ်တည်းက သားအမိနှစ်ယောက်တည်းသာ နေလာခဲ့တာဖြစ်လို့ ၊ သူ့အမေ တစ်လျှောက်လုံးပင်ပန်းဆင်းရဲလာခဲ့တာကို သားကသိနေသည်။ ထို့ကြောင့် ဒေါ်ပိုးမေ၏ ဝေယျာဝစ္စအကုန်လုံးကို  သားကတစ်ချက်မှမညီးညူပဲ လုပ်ပေးရှာသည်။ 

" မေမေ့ကိုဘာစိတ်မချစရာရှိလို့လဲ သားရဲ့ ၊ သားရဲ့ပညာရေးကိုပဲသားအာရုံစိုက်ပါ ၊ ပိတ်ရက်ကိုအိမ်ပြန်လာလို့ရတာပဲ ဒါမှမဟုတ်လည်း မေမေရုံးအပြန်ကျရင် ဝင်တွေ့မှာပေါ့ ငါ့သားကို "

" သားအဆောင်သွားနေရင် မေမေတစ်ယောက်ထဲအိပ်နေရမှာပေါ့ "

" အမလေး သားရယ် ၊ မေမေက ကလေးမှမဟုတ်တော့တာ မေ့သားက မေ့ကို ကလေးများထင်နေသလား ၊ မေမေနေတတ်ပါတယ်ကွယ် ၊ သားသာ ပူပန်မနေပဲ အဆောင်သွားနေ ဟုတ်ပြီလား "

ASTILLBE (Completed)Where stories live. Discover now