Part (58) (မှိုင်းကမ္ဘာငယ်၏ First Kiss)

36.2K 2.4K 179
                                    

Zawgyi

" ကျောင်းစုံစမ်းတာအဆင်ပြေခဲ့လား "

" အဆင်ပြေလားဆို မောင့်မိတ်ဆွေတစ်ယောက်က private ​ကျောင်းတစ်ကျောင်းရဲ့ founder ၊ သူ့ကျောင်းက မူကြိုကနေ လေးတန်းအထိ ကျောင်းသားတွေလက်ခံတယ် ၊ သူတို့ကျောင်းက နာမည်ကြီးပါပဲ မင်းလည်းသိမှာပါ KNW လေ ၊ အထက်တန်းဘော်ဒါဆောင်လည်းဖွင့်ထားသေးတယ် "

" အင်း အဲ့တော့ မောင်ဘယ်လိုပြောခဲ့လဲ "

" အလှူငွေထည့်ခဲ့တယ် ၊ ကလေးတွေ မျက်နှာပန်းလှအောင်ရော ၊ အချိန်အကြာကြီး လက်တွဲသွားချင်တဲ့ မိတ်ဆွေတစ်ယောက်မို့ရော ရင်းနှီးမြုပ်နှံလိုက်တဲ့သဘောပါပဲ ၊ သြော် သားငယ်ရော သားကြီးရောက သူတို့သတ်မှတ်ထားတဲ့ အသပ်ထပ် နည်းနည်းငယ်နေသေးလို့ အသက်လိမ်တတ်မှဖြစ်မယ် "

" ဟို ဖြစ်ပါ့မလား "

" ဖြစ်ပါတယ် မောင့်သားတွေက မောင်နဲ့တူလို့ smartဖြစ်ပြီးသား ၊ အခုခေတ် generation တွေရဲ့ IQက ဘယ်လောက်မြင့်လည်းဆိုတာ မင်းမြင်တဲ့အတိုင်းပဲလေ ၊ ခေတ်ပြောင်းလာတာနဲ့ တိုးတတ်လာဖို့ပဲရှိမယ် ၊ ကလေးတွေက အသစ်အဆန်းကိုသင်ယူချင်ပြီဆိုရင် ခွင့်ပြုပေးလိုက်ပြီး မောင်တို့ကတော့ controlလုပ်ပေးရမှာပေါ့ "

" အင်း ဒါလည်းဟုတ်ပါတယ် ၊ ဒါပေမယ့် ကလေးတွေတကယ်အဆင်ပြေပါ့မလား ၊ မောင်သိတဲ့အတိုင်းပဲ ကလေးတွေနဲ့ ငါတစ်ခါမှခွဲမအိပ်ဖူးဘူးလေ ၊ အခုက နေ့တစ်ဝက်တောင် မတွေ့ရမှာဆိုတော့ "

" မငိုနဲ့လေ ငိုစရာလား ၊ သူတို့ကောင်းဖို့လုပ်ပေးနေတာပဲကို "

" မသိဘူး ကလေးတွေကို စိတ်မချတာပဲသိတယ် "

" အဆင်ပြေသွားမှာပါ မင်းက စိတ်မာတဲ့သူမဟုတ်ဘူးလား ၊ မင်းကတော်ရုံဆိုမငိုတတ်ပါဘူး ဟုတ်တယ်မလား ကြောင်ငပျင်းလေး "

" အင် "

စိတ်မကောင်းဖြစ်ပြီးငိုနေသူ၏ မျက်နှာရှေ့ထိရောက်အောင်ငုံ့ကိုင်းလိုက်သည်။ သူကဘဲရုပ်ဝါဝါတွေပါသည့် ညဝတ်အကျီဝမ်းဆက်နဲ့ဖြစ်ပြီး မျက်နှာက ရှင်းသန့်နေ၏။ နှာသီးလုံးလုံးက ငိုသည့်အရှိန်ကြောင့် ခပ်ရဲရဲ။ အိမ်နေရင်းဖြစ်တာကြောင့် ဆံပင်တွေကို ဂျယ်နဲ့လှန်မတင်ထားတာကြောင့် ဆံပင်နက်နက်တွေက နဖူးပေါ်တစ်စွန်းတစ်စတင်ကျန်နေသည်။ ဆံပင်လှန်တင်တော့လည်း တစ်မျိုးကြည့်ကောင်းသလို ၊ ဆံပင်လှန်မထားရင်လည်း အထက်တန်းကျောင်းသားလေးနှင့် တူနေပြန်သည်။ ဒီကလေးမဟုတ် လူကြီးမဟုတ်ကို ဘယ်လိုလုပ်ရပါ့မလဲ။ အတူနေလာတာလည်း ကြာနေပြီဆိုပေမယ့် သူ့အကျင့်လေးတွေက တည်မြဲကို မရိုးမယွဖြစ်စေတုန်းပဲဖြစ်သည်။

ASTILLBE (Completed)Where stories live. Discover now