Part (17) ( တည်မြဲကမ္ဘာက သဝန်တိုနေတာ )

54.5K 3.9K 146
                                    

Zawgyi

နေ့တိုင်းလိုလို အခန်းလာအိပ်တတ်သူကြောင့် စိတ်ကျဉ်းကြပ်နေပြီဖြစ်သည်။ သူကိုယ့်အနားကပ်ပြီးနေတာက ရိုးရိုးတန်းတန်းမဟုတ် အိပ်မပျော်မချင်း သူကနမ်းသည်။ သူ့အနမ်းတွေက တစ်ဖြည်းဖြည်းဆိုးဝါးလာပြီး လူတစ်ကိုယ်လုံးကို ဝါးစားမတတ်နမ်းတာ။ ညို့သာ အသက်မဲ့တဲ့အရုပ်လေးဆိုရင် သူ့လက်ချက်နဲ့တင် တစစီဖြစ်နေတော့မှာသေချာ၏။

" တော်တော့ မင်းလွန်လာပြီ ငါအိပ်ရေးပျက်တယ် "

သူ့ဆီကဘာစကားသံမှ ထွက်မလာပေ။ ဗိုက်တွေ ၊ ရင်ဘက်တွေ ၊ လည်တိုင်တွေကို နှာခေါင်းနစ်ဝင်တဲ့အထိ ဖိနမ်းကာ တစ်ခါတစ်လေ လျှာကြီးနဲ့လျက်သေးသည်။ တရှူးရှူးအသံတွေအဆက်မပြတ်ထွက်နေရပြီး မပြီးနိုင်မစီးနိုင်နှိပ်စက်လာတော့ ညို့ နှုတ်ခမ်းလေးများတွန့်ကွေးလာသည်။ သူတမင်တကာ အိပ်မရအောင် နှောက်ယှက်နေတာအသိသာကြီး။

" ငါ့ကိုအိပ်ခွင့်ပေးပါဦး အင့် ငါပင်ပန်းနေလို့ပါဆို နားမလည်ဘူးလား "

အင့်ခနဲအသံထွက်လာပြီး ရင်ဘက်တွေနိမ့်ချည်မြင့်ချည်ဖြစ်လာသူကြောင့် တည်မြဲရပ်လိုက်သည်။ သူအလိုမကျဖြစ်နေပြီး စိတ်ဆိုးတဲ့ပုံစံပြနေတာကြောင့် တည်မြဲ သူ့မျက်နှာကိုသဘောတကျကြည့်လိုက်၏၊ သူနမ်းရင် အမြဲတမ်း အဲ့လိုရုပ်ဖြစ်သည်။ နမ်းခံထားရတာကြောင့် သူ့တစ်ကိုယ်လုံးပန်းရောင်ပြေးနေပြီး လှနေ၏။

" နုဖက်နေတာပဲ ဆွဲဆောင့်ရင် တစ်ချက်စာတောင်မရှိဘူး ငါမင်းကိုကိုင်ပေါက်ချင်တာသိလား တစ်နေရာမှကိုအထိမခံတဲ့ကောင် ငါနမ်းရင် ခံလိုက်လို့ပြောထားတယ်မလား မင်းငါ့ကိုပြန်အာခံနေတာလား ဟေ့ကောင် "

" မောင်ပြောတော့ ငါ့အပေါ်ကောင်းပေးမှာဆို မောင်အခုလုပ်နေတာတွေက ငါ့ကိုတမင်နှိပ်စက်နေတာ ၊ မောင် အခန်းပြန်လိုက်တော့ ငါကောင်းကောင်းအိပ်ချင်ပြီ "

" မပြန်ဘူး ဒီမှာပဲအိပ်မှာ မင်းကငါယူထားတဲ့လူလေ ပြီးတော့ ဒါငါ့အိမ် နေချင်တဲ့နေရာနေမှာပေါ့ မင်းအမိန့်ပေးစရာလား "

" ငါက! တော်ပြီ မပြောတော့ဘူး "

" ဘာလို့မပြောရမှာလဲ ဆက်ပြော မင်းပြောမှာကြားချင်သေးတယ် ၊ ဟေ့ကောင် ကြားလား "

ASTILLBE (Completed)Where stories live. Discover now