Part (8) ( တည်မြဲကမ္ဘာက လုံးဝအဖြောင့်!)

51.7K 4.7K 277
                                    

Zawgyi

ဟိုတယ်ထဲဝင်လာသည့် အမျိုးသားတစ်ယောက်က နောက်ထပ်အမျိုးသားတစ်ယောက်ကိုပွေ့ချီထားသည်။ ထိုမြင်ကွင်းက ကောင်တာမှအမျိုးသမီးလေးတွေနဲ့ လုံခြုံရေးတွေကို ပါးစပ်အဟောင်းသားဖြစ်စေသည်။ မူမမှန်သည့်အရိပ်အယောင်ပေမို့ ဝန်ထမ်းနှစ်ယောက်ကပြေးလာပြီး မေးသည်။

" အဆင်ပြေရဲ့လားခင်ဗျ ကျွန်တော်တို့ဘာများလုပ်ပေးရမလဲ လူကြီးမင်းက နေမကောင်းတာလားဗျ "

ရင်ဘက်နားကလှုပ်စိလှုပ်စိမို့ ငုံ့ကြည့်လိုက်သည်။ သကောင့်သားလေးက နားရွက်တွေရဲနေပြီး မျက်နှာကိုအတင်းဖွက်ထားလေသည်။ တည်မြဲ နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်ရင်း ဝန်ထမ်းတွေကို ခပ်တည်တည်နဲ့ကျော်ကာ ဓာတ်လှေကားထဲဝင်သွား၏။ ခိုင်ဇော်က ဝန်ထမ်းလေးတွေကိုအကျိုးအကြောင်းရှင်းပြပြီး တောင်းပန်လိုက်သည်။ Bossတို့က သူ့ကိုတောင်မစောင့်ပဲ ဓာတ်လှေကားထဲဝင်သွားတာကြောင့် ဘေးချင်းကပ်က ဓာတ်လှေကားကိုနှိပ်ပြီး လိုက်သွားရ၏။

" တကယ်ပါပဲ နောက်ဆို Bossဘယ်ပဲခေါ်ခေါ် Bossအမျိုးသားပါရင် မလိုက်တော့ဘူး bonus မရရင်နေပါစေတော့ "

ခိုင်ဇော် စိတ်ပေါက်ပေါက်နှင့် ညီးညူလိုက်သော်လည်း သူသာမပါရင် Bossလေးကို သူ့အမျိုးသားက တစ်ခုခုလုပ်ပစ်မှာလည်းစိုးရိမ်နေသည်။ သိတဲ့အတိုင်း Bossအမျိုးသားက Bossကိုဆို အနိုင်ကျင့်မည့်ရုပ်မှန်း သိသာနေတာကြောင့် ခိုင်ဇော် ခေါင်းယမ်းလိုက်ပြန်သည်။ Bossကို ကာကွယ်ရမယ်။

ဓာတ်လှေကားက ဖြည်းဖြည်းချင်းတတ်နေသည်။ ရင်ခွင်ထဲကလူကို ငုံ့ကြည့်လိုက်တော့ ကိုယ့်ကိုခိုးကြည့်နေ၏။ မျက်မှောင်ကြုတ်လိုက်တော့ မျက်နှာကိုပြန်ဖွက်သွားသည်။ တကယ်ရယ်ရတဲ့ကောင် ၊ ကိုယ်ချောတာကိုယ်သိပေမယ့် သူ့ဆီကနေ အာရုံစိုက်မှုကိုရနေတော့ နှာခေါင်းရှုံ့မိ၏၊ ခိုးကြောင် ခိုးဝှက်အလုပ်တွေ လာလုပ်နေသည်။

" ကြည့်လို့ကောင်းလား "

" ဘာကိုလဲ "

" ငါ့မျက်နှာလေ ကြည့်လို့ကောင်းလား "

" အင်း "

နှစ်ယောက်လုံးတိတ်ဆိတ်သွားကာ နေရခက်သွားသည်။ ဒဲ့ကြီးဖြေမယ်မထင်လိုက်တာကြောင့်လည်း တည်မြဲက မျက်နှာလွှဲရင်း ချောင်းဟမ့်လိုက်၏။ ပြောရရင် ဒီကောင့်ကို မေမေမသိအောင်နှိပ်စက်ဖို့လိုက်လာခဲ့တာ ၊ သူငိုတာ သူမျက်နှာပျက်တာကိုကြည့်ချင်လို့ တမင်အလုပ်တွေဖျက်ပြီးလိုက်လာခဲ့တာ။

ASTILLBE (Completed)Where stories live. Discover now