Intro
32K 1.6K 50
ဇာတ်လမ်းတိုင်းမှာ လူတွေ့မေ့ထားကြတဲ့ နေရာလေးတွေ ဇာတ်ကောင်လေးတွေ ရှိတယ် ... သူတို့ရဲ့ ဘဝ ကို အဓိက ဇာတ်လိုက် လိုအပ်တိုင်း ရှိနေပေးရမှာဖြစ်ပြီး .. သူတို့ရဲ့ အ‌တွေးတွေကတော့ ထိုသူတွေရဲ့ ပြဿနာ ကို ဖြေရှင်းဖို့ တွေးတောပေးရတယ် .. ထပ်ပြီး အဆုံးသတ်ကြရင် သူတို့ဟာ ဇာတ်လိုက်တွေရဲ့ ပျော်ရွင်စရာ အဆုံးသတ်ကို  လက်ခုပ်တီးပေးရမဲ့ တာဝန်လည်း ရှိနေသေးတယ် ...
အဲ့အရာတွေရဲ့ နောက်ကွယ်က နာကျင်မှု တချို့ကိုကတော့ .. လူတွေ မသိခဲ့ကြဘူး .. ဇာတ်လိုက်တွေအတွက် ပျော်စရာအဆုံးသတ်ပေမဲ့ .. သူတို့အတွက်ရော ဖြစ်ခဲ့ရဲ့လား ...
" ငါ့ကို သောက်ရေး မပါတာတွေ လာပြောမနေနဲ့ .. သူတို့ဘာသာ အဆုံးသတ်သတ် မသတ်သတ် ငါနဲ့ ဘာဆိုင်လဲ .." နှာခေါင်းရှုံသံနဲ့ အတူ ပြောလာသည့် အသံတစ်ခု ။
/ ဇာတ်ပို့ တစ်ယောက်ရဲ့ အဆုံးသတ်ကို ပြင်နိုင်ရင် .. ရှင်သန်ခြင်း အမှတ် 5 မှတ် ရပါမယ် host /
" အို ဟုတ်လား...ဒါနဲ့ ငါ အသက်ပြန်ရှင်ဖို့ ဘယ်လောက်လိုလဲ အချစ်လေး..."
..ခနတိတ်ဆိတ်သွား ...
/ အခုလောလောဆယ် ရေတွက်လို့ မရသေးပါဘူး host .. ရေတွက်လို့ မရအောင် အရမ်းများ....များး/
" .... "
" ငါ system နဲ့ မတွေ့ခဲ့ ဖူးလို့ဘဲ မှတ်လိုက်တော့မယ်..တာ့တာ "
/ အဲ... မဟုတ် .. host !!! ခများရဲ့ လုပ်ဆောင် ချက်အလိုက် အမှတ် တိုးနိုင်ပါသေးတယ် ../
‌" .... "
System သည် မသိဘူး .. မကြားဖူး .. မမြင်ဖူး ဆိုသည့် ပုံစံ ဖြင့် လက်နှောက်ပစ်ကာ ရပ်လျက် ဘာမှမရှိသည့် ဟင်းလင်းပြင်ကို ကြည့်နေသည့် ကောင်လေးကို ကြည့်ရင်း မရှိတဲ့ ခေါင်းပင် ကိုက်လာသလိုလို ။
/ ဇာတ်ပို့ကို ဇာတ်လိုက် ဖြစ်အောင် လုပ်နိုင်ရင် 100 မှတ် .. ဒါက အလွန်ဆုံးဘဲ host /
" ဟဲဟဲ ဒါက မဆိုးသေးဘူး .. လာလာ သွားစို့ ဘယ်ဇာတ်လိုက်ကို သွားရိုက်ရမလဲ .. ကြိုက်တဲ့ ဇာတ်လိုက်ကို စင်ပေါ်ကနေ ကန်ချပေးမယ် "
/.(个_个) /
/ ကောင်းပါပြီ ..အခုဘဲ ကူးပြောင်းပါတော့မယ် /