Arc.8.5
2.7K 466 28
" လော့ကျွင်း .. " ဟွားရန်က မို့ယောင်၏ အနောက်မှ ထွက်လာခဲ့ကာ လော့ကျွင်းအား မျက်မှောင်လေး ကြုတ်လိုက်ပြီး ကြည့်လိုက်သည် ။ ‌မို့ယောင်ဘက်သို့ လှည့်လိုက်ကာ တီးတိုးပြောလိုက်သည် ။ " သူက ချန်းယန်နဲ့ ဆရာတူညီအစ်ကိုတွေ.."
မို့ယောင် လော့ကျွင်းအား ပြန်လည်အကဲခတ်လိုက်ပြီး သတိအနေအထားဖြစ်သွားသည် ။ သူတင်မက ဟွားရန် ပါ တိုက်ခိုက်ရန် အသင့်ဖြစ်သွားကြသည် ။ သူတို့က လော့ကျွင်းသည် ချန်းယန်အတွက် သူတို့အား ပြဿနာလာရှာခြင်းဟု ယူဆလိုက်သောကြောင့်ပင် ။
ထိုအခြေအနေကို သတိထားမိသည့် လော့ကျွင်းအတွက်တော့ စကားတစ်ခွန်းသာ ညစ်ထုတ်နိုင်လေသည် ။ " သောက်ရူးတွေ " သူသည် ထိန်းထိန်းသိမ်းသိမ်းနေတတ်သည့် သူတစ်ယောက် ဘယ်တော့မှ မဟုတ်ခဲ့ဘဲ ပြဿနာများကို ကြောက်ရွံ့ခြင်းမရှိချေ ။ သူက ထိုနှစ်ယောက်အား ပေါ်တင် ဆဲရေးလိုက်ခြင်းပင် ။
" နင်!!! "
မို့‌ယောင်က ဟွားရန်အား တားလိုက်ပြီး လက်နှစ်ဖက်ကို ယှက်လျက် " ချန်းယန်ကိစ္စအတွက် စိတ်မကောင်းပါဘူး .. ဒါပေမဲ့ .. နှလုံးသားဝိညာဉ် မြက်ပင်က ကျုပ်အတွက် အရေးပါတဲ့အတွက် . ရောင်းရင်းက အလျော့ပေးမယ်လို့ ထင်ပါတယ် .. ကြိုက်တဲ့ ကြေးကို တောင်းနိုင်ပါတယ် .."
ဟွားရန်သည် မို့ယောင်က လော့ကျွင်းအား ယဉ်ယဉ်ကျေးကျေး ပြောဆိုနေသည်ကို မနာလိုစွာ ကြည့်ရင်း နူတ်ခမ်းစူလိုက်သည် ။ ထို မြက်ပင်က မို့ယောင်အတွက်မဟုတ်ဘဲ ယုလန် အတွက် ဖြစ်သည်ကို သိနေသောကြောင့်ပင် ။ မဟုတ်ပါက မို့ယောင်ကဲ့သို့ မာနကြီးသည့်သူက အလျော့ပေးရန် မဖြစ်နိုင်ပေ ။
" ဒီသခင်က မရောင်းချင်လို့ မရောင်းတာလေ .. ဘာတွေလာပြောနေတာလဲ .." လော့ကျွင်းက မောက်မာစွာ ကြည့်လိုက်ပြီး ပြောလိုက်ကာ လက်ဝှေ့ယမ်းလျက် ထွက်သွားရန် ပြင်လိုက်သည် ။ သို့သော် မို့ယောင်က အဘယ်မှာ အလွတ်ပေးဖို့ ဆန္ဒရှိပါမည်နည်း ။ သူက တိုက်ကွက်ထုတ်လျက် လော့ကျွင်း၏ သွားရာလမ်းအား ပိတ်လိုက်သည် ။ အပြာ‌ရောင်ရှိသည့် မိုးကြိုးရိုက်ချက်က လော့ကျွင်းထံသို့ ကျရောက်လာလေသည် ။