Arc.8.17
2.5K 449 136
" ကောင်စုတ်လေး .. ပြဿနာမရှာလာနဲ့နော် .." လော့ကျွင်းက ဟန်ရဲ့၏ စကားအား ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည် ။ " သိပါပြီ.. သိပါပြီ.. "
" ရှီရှုံးက .. ဘာလို့ အနီးကပ်မှ တံခါးပိတ်ကျင့်ကြံသွားလည်း မသိဘူး.. ‌ဆရာ .. ရှီရှုံးကို စောင့်ပြီးမှ လိုက်လာခဲ့မယ်လေ .." ဟန်ရဲ့က လက်ဝှေ့ယမ်းကာ
" သွား.. သွားတော့ .. မင်းရှီရှုံးက အချိန်မှီ ထွက်လာခဲ့ရင် သူ့ဘာသာလိုက်လာခဲ့မှာပေါ့ .. အခြားသူတွေကို စောင့်ရအောင် မလုပ်နဲ့ .. သွားတော့ .." ဝိညာဉ်သားရဲအား တစ်ချက်ရိုက်လိုက်ရာ လော့ကျွင်းက ဘာမှ ပြန်မပြောရသေးခင်ဘဲ သားရဲက ဟိန်းဟောက်လျက် ကောင်းကင်သို့ ထိုးတက်သွားတော့သည် ။ သားရဲ၏ ဦးတည်ရာသည် ရှီမန်ဂိတ်ဟူသည့် လျို့ဝှက်နယ်မြေဆီသို့ ဦးတည်လျက် ။ ထိုကဲ့သို့ သားရဲမျိုးစုံသည် ကောင်းကင်တွင် ပြည့်နှက်နေခဲ့ကာ လော့ကျွင်း ရောက်လာခြင်းက အထူးအဆန်း မဖြစ်သွားပေ ။
ရှီမန် ဂိတ်သည် ရှေးဟောင်းနယ်မြေတစ်ခု ဖြစ်ကာ ရှေးအခါက နတ်ဘုရားများ တိုက်ပွဲဖြစ်ရာနေရာတစ်ခုဟု ဆိုကြသည်။ ရှီမန်ဂိတ်သည် နှစ်ပေါင်း ၅၀ အကြာမှ တစ်ခါပွင့်တာဖြစ်ပြီး အမြုတေဝိညာဉ်အဆင့်နဲ့ သူအောက်ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သည် ။
ဤနေရာသည် အချိန်မရွေး အသက်ဆုံးရှုံးနိုင်သည့် နေရာဖြစ်သော်လည်း ရနိုင်သည့် အခွင့်အရေးများကြောင့် အနယ်နယ်အရပ်ရပ်မှ လူတိုင်းကို ဖိတ်ခေါ်နေခဲ့သည် ။
လက်ရှိတွင် ဂိတ်သည် အပြာရောင် အလင်းအကာအကွယ်တစ်ခုဖြင့် ပိတ်လှောင်ထားပြီး အရှေ့ကွင်းပြင်တွင် လူများ ကြိတ်တိုးနေကြသည် ။ သည်အချိန်တွင် သားရဲအော်သံတစ်ခု ပဲ့တင်ထပ်လာကာ အဆင့်မြင့် ဝိညာဉ် သားရဲ မျိုးစုံက ဆင်းသက်လာခဲ့သည် ။ ထိုသားရဲများ အပေါ်မှ လိုက်ပါလာသည့် သူများသည် ဆင်တူဝတ်စုံဝတ်ထားကာ တဂိုဏ်းတည်းသားချင်းများ ဖြစ်‌ကြောင်း ဖော်ပြနေသည် ။
လူအများ၏ အာရုံစိုက်ရာသည် ကောင်းကင်ပေါ်သို့ တဖန်ရောက်သွားခဲ့ပြန်သည် ။ အော်သံတစ်ခုက လူတိုင်း၏ နားစည်အတွင်းသို့ ဝင်လာကာ အနီရောင်အလင်းတန်းက မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျဆင်းလာခဲ့၏ ။