Arc.5.6
3.9K 620 23
နောက်တစ်နေ့မနက်တွင် လင်းယွီ့က ထုံးစံအတိုင်း တစ်ယောက်တည်း မနက်စားရန်ပြင်လိုက်သည် ။ အန်းဇယ်ရီသည် အမြဲလိုလို သူ့အား ဂရုမစိုက်စွာ ရွံ့ရှာနေသလို ပြုမှုနေသဖြင့် သူကလဲ လစ်လျုရှုထားလိုက်လေသည်။ အိမ်တော်ထဲတွင် သူသည် အမျိုးသားကြင်ယာတော် ဖြစ်နေသော်လည်း အစေခံများထံမှ မလေးမစားလုပ်ခြင်းကို မခံစားရပေ ။ တနည်း မလေးမစား မလုပ်ရဲကြခြင်းကြောင့်ပင် ။ သူက အန်းဇယ်ရီနဲ့ လက်မထပ်ခင်ကတည်းက နာမည်ရှိပြီးသား စစ်သူကြီးတစ်ယောက်ဖြစ်ကာ ရာထူးက အတော်လေးမြင့်မားသည်ဟု ဆို၍ရလေသည် ။
သူ့နေရာတွင် အမျိုးသမီးတစ်ယောက်သာ ဖြစ်နေပါက အန်းဇယ်ရီအတွက် အလွန်အထောက်အကူဖြစ်လိမ့်မည် ဖြစ်သော်လည်း သူကတော့ မလွန်ဆန်နိုင်သည့် အတားအဆီးတစ်ခုသာ ။
ကျွီ!!!
တံခါးဖွင့်သံပြီးဆုံးပြီးနောက် ပုံရိပ်တစ်ခုက သူ့ဘေးနားသို့ ခပ်တည်တည်ပင် လာရောက်ဝင်ထိုင်လိုက်လေသည်။ ထိုသူက သူ့အား ခေါင်းတချက်ငြိမ့်ပြကာ တော်ဝင်ဆန်သည့် အမှုအရာဖြင့် မနက်စာစားခြင်းအမှုကို စတင်လေသည် ။ ပုံစံသည် အလွန်သက်တောင့်သက်သာဖြစ်နေကာ ပုံမှန်လုပ်နေကျအပြုအမှုအတိုင်းပင် ။ အစာစားနေတာတောင် မြင့်မြတ်သည့်အရှိန်အဝါများ ထွက်ပေါ်နေခဲ့သေးသည် ။
လင်းယွီက လုံးဝဆွံ့အသွားတော့သည် ။ သူက ရောက်လာသည့်လူအား ထရပ်ကာ နူတ်ဆက်ရမည်ကို သတိမရတော့ဘဲ ကြောင်အကာ ကြည့်နေမိလေသည် ။အစေခံများ၏ အဓိပ္ပာယ်ပါပါ အပြုံးအား မျက်လုံးတောင့်မှ မြင်လိုက်ရသဖြင့် လင်းယွီ့၏ အမှုအရာက တောင့်တင်းသွားလေသည် ။ သူက အလျင်အမြန်ထရပ်ကာ " ဝမ်ရယ်ကို..ဂါဝရပြု "
အန်းဇယ်ရီက လက်ကာပြကာ အရိုအသေပေးရန်မလိုကြောင်း အမှုအရာပြလိုက်သည် ။ သူက စကားမပြောချင်၍ မဟုတ်ဘဲ မပြောနိုင်၍ပင် ။ မနေ့က သူက အန်းဇယ်ရီရဲ့ အမှုအကျင့်များကို မေ့လျော့ကာ ပြုမှုခဲ့မိခြင်းကြောင့် စနစ်၏ အလိုအလျောက် တုန့်ပြန်မှုက သူ့အား တစ်နေ့တာ စကား ကန့်သတ်လိုက်လေသည် ။ သူ့အတွက် မလွဲမသေသည့် ကိစ္စမှလွဲ၍ အင်း ၊ အဲ သာလိုက်နိုင်လိမ့်မည် ။ အပြစ်ပေးဖို့ဆို လက်မနှေးသည့် စနစ်က သူ့အား လုံးဝ ညှိနှိုင်းဖို့ပင် အခြေအနေမပေးခဲ့ပေ ။