Arc.4.4
3.8K 637 69
အမှောင်ထုသည် တဖြည်းဖြည်းကြီးစိုးလာခဲ့သလို ခြောက်ခြားစရာလေထုက ပိုတိုးလာခဲ့သည် ။ အမဲလိုက်အဖွဲ့ဝင်များထဲမှ ဝတ်ရုံအနက်ခြုံထားသည့် လူသုံးယောက်သည် ထွက်လာခဲ့ကာ ရှုပ်ထွေးသည့် လက်ဟန်များကို ပြုလုပ်လိုက်သည် ။ ကြယ်အစီအရင်ပုံစံ အလင်းတစ်ချက်ပေါ်လာကာ နေရာတစ်ခုလုံးကို ဖြန့်ကျက်သွားတော့သည် ။ စည်းချလိုက်သည်နဲ့ လေထုက ခြောက်ခြားစရာမကောင်းတော့ဘဲ ငြိမ်သက်သွားလေသည် ။
" မင်းက ဘယ်အစုကလဲ .." ထိုမြင်ကွင်းအား ပါးစပ်အဟောင်းသားဖြင့် လေးစားအားကျစွာကြည့်နေသည့် ရီဗဲလ်က ကြားလိုက်ရသည့်အသံကြောင့် လှည့်ကြည့်လိုက်သည် ။ ထက်မြတ်သည့် ဓားတစ်ချောင်းကဲ့သို့ ပုံစံရှိသည့် ရစ်ခ်ျကိုးလ် က ရီဗဲလ်အား စူးစိုက်ကြည့်လိုက်သည် ။ ရိုမန်သည် ပတ်ဝန်းကျင်အား စစ်ဆေးဖို့သွားခြင်းကြောင့် ဤနေရာတွင် မရှိချေ ။
ရီ‌ဗဲလ်က နားမလည်စွာ ခေါင်းယမ်းလိုက်သည် ။ သူသည် တချိန်လုံး ပုန်းခိုဖို့သာ အာရုံရှိနေသဖြင့် ဘာမှမသိချေ ။ သို့သော် ရစ်ခ်ျက ထိုအကြောင်းကို မသိသဖြင့် မယုံကြည်ပေ ။ ထို သံသယအကြည့်များက ရီဗဲလ်အား မသက်မသာဖြစ်စေကာ သူက နောက်ဆုတ်ကာ ထွက်သွားရန် ပြင်လိုက်သည် ။ ရစ်ခ်ျသည် သူ့ထက်ပင် မြင့်မြတ်ပုံရသည့် ရီဗဲလ်၏ သွေးမျိုးဆက်ကြောင့် အဘယ်မှ ထွက်သွားခံပါမည်နည်း ။
သူက တစ်ချက်လှုပ်ရှားလိုက်ကာ ရီဗဲလ်၏ အရှေ့သို့ ချက်ချင်း‌ရောက်သွားကာ လက်ကိုဆုပ်ကိုင်လိုက်ပြီး ချွန်ထက်သည့် အရာတစ်ခုနဲ့ လက်ဖျံကို ဖြတ်လိုက်လေသည် ။ သာမန် vampire များပင် မြင့်မားလှသည့် ကုသနိုင်စွမ်းရည်ကြောင့် ထိုဒဏ်ရာသည် ခနဖြင့် ကျက်သွားကာ ပုံမှန်ပြန်ဖြစ်သွားမည် ဖြစ်သည် ။
သို့သော် ရီဗဲလ်၏ လက်ဖျံက သွေးများတတောက်တောက်ကျနေခဲ့ကာ တိတ်သွားမည့်ပုံ မရှိချေ ။ ရီဗဲလ်၏ အပြာရောင်မျက်လုံးများသည် သွေးနီရောင် ပြောင်းလာကာ အစွန်းနှစ်ဖက်တွင် သွားစွယ်လေးက ခပ်ရေးရေးပြူးထွက်လာခဲ့သည်။ တချိန်တည်းမှာပင် နာကျင်မှုကို ခံစားရသည့်အလား မျက်ခုံးတို့သည့် တွန့်ချိုးနေခဲ့သည် ။