Arc.7.7
3.1K 525 98
" Sir!! ..သဲလွန်စပျောက်သွား .." အလျင်အမြန် သတင်းပေးလာသည့် လူသည် လျှာခလုတ်တိုက်သွားသည့် အလား စကားများ ပျောက်ရှသွားသည် ။
သည်အချိန်တွင် Liam သည် လမ်းအကွေ့ တောင့်နားမှာ ရှိနေခဲ့တာဖြစ်ပြီး သူနဲ့ နီးကပ်စွာ ရပ်နေသည့် ခရော့စ်က သူ့လက်များကို Liam ၏ မေးစေ့အား မော့ရန် အသုံးပြုထားခဲ့သည် ။ မကန်းနေသည့် မည်သူမဆို သူဘာလုပ်ရန် ပြင်နေကြောင်း ခန့်မှန်းမိမည် ဖြစ်သည်။ 
ခရော့စ်သည် သိသာစွာပင် ရောက်လာသည့် လူအား လစ်လျုထားနိုင်လေသည် ။ သို့သော် Liam အတွက်တော့ မတူညီပေ ။ သူသည် ထိုလူများ၏ အထက်လူကြီးဖြစ်သည် ။
နှမြောတသဖြစ်စွာ ပင် ခရော့စ်က သူ့လက်များကို ရုတ်သိမ်းပေးလိုက်သည် ။ သူက ညင်သာစွာ ပြုံးလျက် .. " ဒါဆို.. လုပ်စရာရှိတာ အရင်လုပ်နော် .. ကိုယ်လည်း တာဝန်ကျေဖို့ ခနလောက်တော့ လိုက်သွားလိုက်ဦးမယ် .."
Liam သည် အလျင်အမြန်ပင် ခရော့စ်၏ လက်အား ဆွဲကိုင်လိုက်သည် ။ သူ၏မျက်နှာထက်တွင် တောင်းပန်သည့် အမှုအရာရှိနေကာ စိတ်ဆိုးသွားသည်ဟု ထင်မှတ်လိုက်သည် ။
ဘာပြောရမှန်းမသိဖြစ်နေသည့် သူအား ကြည့်ရင်း သူ၏မျက်ဝန်းထဲတွင် အလွန်ချစ်ဖို့ကောင်းသည်ဟု ခံစားရကာ လက်နှစ်ဖက်ကို ထုတ်လိုက်ပြီး မျက်နှာချောချောအား အုပ်ကိုင်လိုက်ပြီး ဖျစ်ညစ်လိုက်သည် ။ " အဆင်ပြေတယ် .. ဟုတ်ပြီလား .. "
ခရော့စ် ထွက်သွားသည့် အချိန်တွင် Liam က ရလာသည့် သတင်းကြောင့် ထိန်းချုပ်ရေး အခန်းသို့ ပြန်သွားလိုက်ကာ သူ့တာဝန်ကို လုပ်ဆောင်နိုင်ရန် အခြေအနေကို ထိန်းနေခဲ့သည် ။ သူသည် ပုံမှန်အတိုင်း အလုပ်လုပ်နေခြင်းသာ ဖြစ်သော်လည်း အခန်းထဲရှိလူတိုင်းက အသက်မရှုနိုင်လောက်အောင် ဖိအားကို ခံစားနေရသည် ။ သူတို့သည် ဂရုမစိုက်မလုပ်ရဲပေ ။
အဆုံးတွင် သူတို့၏ ရှာဖွေမှုက ဤနေရာတွင် ရပ်တန့်သွားခဲ့သည် ။ သူတို့ မျက်စိရှေ့အောက်တွင်ပင် ပုန်းအောင်းနေနိုက်သည့် အဖွဲ့အစည်း၏ အင်အား အား ခန့်မှန်းရန် ခက်ခဲလှသည် ။ ခဏသာ ကြာမြင့်လိမ့်မည် ဟု ထင်ထားသော်လည်း မထင်မှတ်ထားစွာပင် တစ်ပတ်ကြာမြင့်တာတောင် ပြီးဆုံးသွားခဲ့ခြင်း မရှိခဲ့ပေ ။ သူတို့က လူရှာရင်းဖြင့် သူများ နယ်စပ်ကို သွားထိမိခဲ့သည့် ကိစ္စကြောင့် အဖြစ်အပျက်များက ဖြေရှင်းရသည်မှာ ကြာရှည်သွားခဲ့ခြင်း ။