Arc.7.12
2.7K 480 19
" လော့!! .. Data တချို့ တောင်းလို့ မရလို့တဲ့ .. မင်း အကူအညီ လိုနေတယ် .." ဟီရုန် သည် လမ်းတောင့်မှ ချက်ချင်း ပေါ်လာကာ ပြောလိုက်သည် ။ သူ့အသံက အနည်းငယ် တင်းမာနေကာ လော့က အဖွဲ့ခေါင်းဆောင်လား သူက အဖွဲ့ခေါင်းဆောင်လားပင် ခွဲခြားမရချေ ။
လော့၏ Liam အား စနောက်ရသဖြင့် ပျော်ရွင်မှုလေးက ချက်ချင်းပျောက်ကွယ်သွားသဖြင့် လော့၏ မျက်နှာထက်တွင် စိတ်ပျက်မှုများ ကြီးစိုးလာတော့သည် ။ ဟီရုန် အပေါ်တွင် စိတ်ကုန်မှုက ပိုဆိုးလာခဲ့သည် ။ သူ သဝန်တိုနေသည့် အချိန်တွင် ခံစားချက် တိုးလာရမည့် အတွေးအစား ခရော့စ်၏ နည်းပညာ အတွေးအခေါ်များသာ ပြည့်နှက်စေသဖြင့် ခံစားချက်များက မတိုးလာဘဲ စိတ်ပျက်မှုသာ ကြီးစိုးလာခဲ့သည်။
သူသည် ဟီရုန်အား လစ်လျုရှုချင်သော်လည်း Data များသည် ရာထူးအလိုက်သာ တောင်းခံနိုင်သောကြောင့် Liam အား နူတ်ဆက်ရုံသာ တတ်နိုင်တော့သည် ။
" နောက်နာရီဝက်နေရင် ပြန်လာခဲ့မှာ သိလား .." သူက လက်‌နှစ်ချောင်းအား နဖူးပေါ်သို့ တင်ကာ အလေးပြုသည့် ပုံစံမြောက်လိုက်ပြီး ညီညာသည့် သွားလေးများ ပေါ်အောင် ပြုံးလိုက်သည် ။ Liam သည် လော့ က သူ့ကိုယ်တိုင် ကိစ္စများကို ဖြေရှင်းတတ်ကြောင်းသိသောကြောင့် ဟီရုန်အား လွတ်ထားတာ ဖြစ်ကာ သူကလည်း ခေါင်းအသာ ညိတ်လိုက်ပြီး " ပြန်မလာခဲ့နဲ့ " ဟု အေးစက်စက် ပြောလိုက်သည် ။ သူ့အဖြေအား လော့၏ တုန့်ပြန်မှုက ရယ်မော၍ လက်ခါပြခြင်းသာ ဖြစ်သည် ။
ဟီရုန်သည် မည်းမှောင်နေသည့် မျက်နှာထားဖြင့် လော့နောက်မှ လိုက်ကာခဲ့သည် ။ သူ့အရှေ့တွင်ပင် အပြုအမှု မထိန်းသည့် သည်လူအား မကျေမနပ်ဖြစ်‌သော်လည်း သူ့အား သဝန်စေသည်အတွက် ပိုဒေါသထွက်လေသည် ။ သူက ယာဉ်အဖွင့်အပိတ် တံခါးနားတွင် လော့၏ လက်အား ဆွဲကိုင်လိုက်သည် ။ " မင်းမှာ ငါ့ကို တစ်ခုခု ပြောစရာများ မရှိဘူးလား "
" ဘာကိုလဲ " ဟီရုန် သည် သူ့လက်အား ကြမ်းတမ်းစွာ ကိုင်လိုက်သဖြင့် မျက်နှာ‌လေးက နာကျင်မှုက ရှုံ့မဲ့သွားလေသည် ။ နာကျင်နေသည့် အမှုအရာက အလွန်ဆွဲဆောင်မှုရှိကာ ဟီရုန် ၏ ဟော်မုန်းများအား မတည်မငြိမ်ဖြစ်သွားစေသည် ။ ဟီရုန်၏ အမှတ်အသားအား လက်ခံထားသည့် လော့ သည် ခက်ထန်လာသည့် ဟော်မုန်းများကြောင့် နေမထိထိုင်မသာ ဖြစ်လာကာ ချွေးစို့လာခဲ့သည် ။