Arc.1.7
8.3K 1K 95
ခွမ်း!!!!!
" လူလေးတစ်ယောက်ကိုတောင် မရှာနိုင်ကြဘူးလား .. ဟမ်!! ငါ့ရှေ့ကို ခေါ်မလာနိုင်ရင် မင်းတို့ကို အပြစ်ပေးမယ်.. အခုချက်ချင်း ရှာ !! "
စစ်သည်နဲ့ အစောင့်များသည် တုန်ယင်နေကြကာ ခေါင်းကို ငုံ့ထားကြပြီး တစ်ယောက်မှ တစ်ခွန်းမဟရဲပေ ။ လက်ရှိ သူတို့ရှေ့က ဘုရင်သည် အရင်ကလို နူးနူးညံ့ညံ့လေး မဟုတ်ကြောင်းကို လွန်ခဲ့တဲ့ တစ်လလုံး သက်သေပြခဲ့ပြီပင် ။ နဂို က ထီးနန်းနေရာကို ချိန်နေကြသည့် မိသားစု များပင်တုတ်တုတ်မလှုပ်ရဲကြဘဲ မယ်တော်ကြီးပင် မသက်သာခဲ့ပေ ။
ယခု ထိုဘုရင်အား မကျေမနပ်ဖြစ်အောင် လုပ်သည့် သူအား သူတို့က နုတ်နုတ်စင်းချင်နေသော်လည်း ရှာလို့ မတွေ့ပေ ။ ဘုရင်ရဲ့ အနီးကပ်ကိုယ်ရံတော် ရှန်ယိ သည် ဘုရင်အား ထိပါးစော်ကားမှုဖြင့် ထောင်ချစေသော်လည်း ထိုနေ့က ထောင်ထဲသို့ မရောက်ခင် လမ်းမှာပင် ပျောက်သွားခဲ့သည် ။ နှစ်နိုင်ငံ အရေးအခင်း ကိစ္စများကြောင့် ထိုကိစ္စအား မည်သူမျှ သတိမထား မိခဲ့ပေ ။ ဘုရင်က ရှေ့တော်ခေါ်ခဲ့ဟု ဆိုသည့် အချိန်မှသာ ထောင်ထဲပင် မရောက်ခဲ့မှန်း သိကြရသည် ။
ရွမ်းရီ၏စိတ်သည် ကွဲကြေသွားသည့် လက်ဖက်ရည်ခွက်အလား ဖြစ်နေသည် ။ လက်ရှိတွင် သူ့အင်အားသည် အထဋ်အထိပ်သို့ မရောက်ခင် ထုတ်ဖော်လိုက်ရသော်လည်း အရာရာသည် အဆင်ပြေနေခဲ့သေးသည် ။ သို့သော် သူက ရှန်ယိ ကို မသတ်နိုင်မချင်း စိတ်အေးရမည်မဟုတ်ပေ ။ အရင်က တစ် သာဆိုလျှင် သူက ဂရုစိုက်မည်မဟုတ်သော်လည်း ယခု တစ် သည် ခန့်မှန်း၍ မရနိုင်ပေ ။ ထိုသူရဲ့ လှုပ်ရှားမှု တိုင်းကို သူ့လက်ထဲ ထည့်ထားခဲ့တာတောင် ယခုလို ဖြစ်နေခဲ့သေးသည် ။ အရေးကြီးသည်က ရှန်ယိ သည် ဘယ်တိုင်းပြည်က သူလျိုလဲ စုံစမ်းမရခဲ့ခြင်း ။ ထို့အတွက် သူသည် ဖြစ်နိုင်ချေ အားလုံးကို ပြန်လည် တွက်ချက်ရပေဦးမည် ။
" အကုန်ထွက်သွား!!! " အစောင့်နဲ့ အပျိုတော်များအား မောင်းထုတ်ပြီးနောက် ရွမ်းရီ က သူ့နဖူးတို့ကို အသာ ဖိနှိပ်လိုက်သည် ။
" အရှင် ကွေ့ဖေး ကို ခေါ်ပေးရမလား " မုန့်ကုန်းကုန်းက ရွမ်းရီ အား အသာ လျှောက်တင်လိုက်သည် ။