Arc.3.2
5.4K 780 45
ကုချန် က နှစ်ထပ်အဆောင်နဲ့ ကျောင်းကို တစ်လှည့် အကောင်းစားပစ္စည်းများနဲ့ ဆောက်လုပ်ထားသည့် အထပ်မြင့်ကျောင်းကို တစ်လှည့်ကြည့်လိုက်ပြီး ကျောင်းငယ်လေး ဘက်သို့ဦးတည်လိုက်တော့သည် ။ သူလာသည်က စောသည်ဟု မဆိုနိုင်သလို နောက်ကျခြင်းလည်း မရှိသဖြင့် ကျောင်းရှေ့တွင် ခြေချင်းလိမ်နေသည့် ကျောင်းသူကျောင်းသားများရှိနေကြသည် ။
ကုချန်က သူ့တည်ရှိမှုကို သေးငယ်သည်ထက် သေးငယ်အောင် ပြုလုပ်ရင်း ခေါင်းငုံကာ ကျောင်းထဲသို့ ဝင်သွားလိုက်သည် ။
ရုတ်တရက် သူ့အရှေ့တွင် ပိတ်ရပ်လာသည့် လူကြောင့် ကုချန်က မျက်လွှာကို အသာပင့်လိုက်ကာ မော့ကြည့်လိုက်သည် ။ သူ့မျက်လုံးထဲတွင် တမင်လုပ်ယူထားသည့် ထိတ်လန့်မှုကို ပြုလုပ်လိုက်ကာ တုန်တုန်ယင်ယင် နောက်သို့ ဆုတ်လိုက်သည် ။ သူသည် ကုချန်၏ သရုပ်အား ကောင်းမွန်စွာ သရုပ်မဆောင်နိုင်ပါက နောက်ကမ္ဘာတွင် သူ့စွမ်းရည်များ ကန့်သတ်ခံရလိမ့်မည် ။ သူက လုဖုန်း၏ပုံစံ အတိုင်း နီးစပ်စွာသရုပ်ဆောင်ခဲ့သဖြင့် လက်ရှိတွင် အထူးတားမြစ်ချက်ဖြစ်သည့် သိုင်းပညာကလွဲရင် ကျန်တာ ကန့်သတ်ခြင်း မခံထားရပေ ။
ဖန်ဟောက်က ကုချန်၏ အကြည့်ကြောင့် မျက်နှာပေါ်က အပြုံးကပင် တောင့်တင်းသွားရလေသည် ။ သူ က အမှတ်မထင်တွေ့လိုက်ရသည့် ‌ကောင်လေးက ဒီလို အလှတရား ရှိနေခဲ့တာလား ။
ကုချန်က ဖန်ဟောက်၏ ပုံစံကြောင့် နှာခေါင်းတစ်ချက်ရှုံလိုက်ပြီး အခန်းသို့ အလျင်အမြန်သာ ဦးတည်သွားလိုက်‌တော့သည် ။ ဖန်ဟောက်သတိဝင်လာချိန်တွင် ကုချန်၏ အရိပ်ကိုပင် မမြင်ရတော့ချေ ။
နောက်ဆုံးချိန်တွင် ဆရာမ မလာသဖြင့် ကုချန်က နားကြပ်တပ်လျက် ခုံပေါ်တွင် မှောက်အိပ်နေလိုက်သည် ။ အမြဲလိုလို ကုတ်ကုတ်‌လေး‌နေတတ်သည့် ကုချန်ကြောင့် သူသည် ဖော်ရွေသလိုလို စိတ်ထားကောင်းသလိုလို ဟန်ဆောင် နေစရာမလိုတော့ပေ ။ သူလုပ်ဖို့ လိုသည်က ကျောင်းဆင်းချိန်အထိ စောင့်နေရုံပင် ။
ဒုန်း!!!
" ဖန်ဟောက်!! က ဒီကို ဘာလာလုပ်တာလဲ "