Arc.3.7
4.8K 733 65
" ဦးလေး.. တောင်းပန်ပါတယ်ကွယ်.." ကုချန်က သူ့ရှေ့က လူကြီးအား ကြည့်ကာ သက်ပြင်းအသာချလိုက်ပြီး " တကယ်ဆို ကျွန်တော်က တောင်းပန်သင့်တာပါ .. ကျွန်တော်ကြောင့် အလုပ်ပြုတ်သွားရတယ်... ",
" ဦးလေး.. ကုချန် က ကျောင်းထွက်ဖို့ လုပ်နေတယ် " ပိုင်ရီ က ဝင်ပြောလိုက်သည် ။ သူက ကုချန်အား နယ်ကို ပြန်မသွားစေချင်ပေ ။ ကုချန်၏ မျက်စောင်းတစ်ချက်ကို ရလိုက်ခြင်းကြောင့် အသာပြုံးလိုက်သည် ။
ဦးလေးကု သည် သူတို့ နယ်တွင်အလုပ်ဆက်လုပ်ကာ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊  ကုချန်အား မြို့တွင်ဆက်နေပြီး ပညာသင်ဖို့ပြောခြင်းအား နှစ်နာရီလောက် နားငြီးခံလိုက်ရပြီးနောက် ကုချန်က အရှုံးပေးလိုက်ရသည်။
" ဒါပေါ့.. ပညာရေးက အရေးကြီးတယ် " ခေါင်းတညိတ်ညိတ်ဖြင့် ပိုင်ရီက တစ်ချက်တစ်ချက် ဝင်ထောက်ခံနေသေးခြင်းကြောင့် ကုချန်က အမှန်တကယ်အရှုံးပေးဟန် မျက်လုံးကို လှန်လိုက်တော့သည် ။
" ကျောင်းဆက်တက်ဖို့က အဆင်ပြေပါတယ်... ဦးလေးတို့သာ ကောင်းကောင်းနေပါ.. ကျွန်တော့်ပါးနဲ့မားကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့ ပြောပေးပါ .. ကျောင်းစရိတ်အတွက် ကိုယ့်ဘာသာ ရှာနိုင်ပါတယ်.." ကုချန်က ပြောဖို့ပြင်နေသည့် လူနှစ်ယောက်ကို တားလိုက်ကာ " မပြောနဲ့တော့ မဟုတ်ရင် ကျွန်တော်က ကျောင်းထွက်လိုက်မှာ ..."
ဦးလေးကု သည် သူမနက်က ပေးထားခဲ့သည့် ပိုက်ဆံများကို အတင်း ပြန်ပေးထားခဲ့သည် ။ ကုချန်က ပိုင်ရီ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်ကာ နူတ်ဆက်ပြီး ထွက်လာခဲ့သည်။ အကျိုးမြတ်ကြီးကြီးရဖို့ ခြေတစ်လှမ်း နောက်ဆုတ်ရမည်မလား .. ။
ကုချန်က အခန်းကျဉ်းကျဉ်းလေးကို ကြည့်လိုက်သည် ။ ကုတင်တစ်ခု နဲ့ ဘေးနားတွင် စားပွဲတစ်ခုရှိသည် ။ ကုတင်ခြေရင်းတွင် အဝတ်ဗီရို တစ်ခုရှိနေပြီး ကျန်တာ ဘာမျှမရှိချေ ။ ဒါသည် သူ့လက်ထဲရှိ ပိုက်ဆံနဲ့ ငှားနိုင်သည့် အကောင်းဆုံးအခြေအနေပင် ။ ဒါတောင် ငှားသည့်သူက ကျောင်းသားမို့ ဈေးလျော့ပေးထားခြင်း ။
အတွေးထဲမှာပင် သူက ဒီလောက်မဆင်းရဲဖူးပေ ။ သို့သော် ဒါသည်လည်း အတွေ့အကြုံတစ်ခုဟုတွေးလိုက်သည်နဲ့ စိတ်သည် အတော်လေးအဆင်ပြေသွားသည် ။ သူကကုတင်ပေါ်တွင် လှဲလျောင်းကာ တွေးတောခြင်းစတင်လိုက်သည် ။ သူမှတ်ဉာဏ်ထဲတွင် သူသည် စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူက စီးပွားရေးထက် တွေးတောစဉ်းစားရသည့် အရာများကို  ပိုကြိုက်နှစ်သက်ကြောင်း သိလာရသည် ။