Arc.7.6
3.2K 523 82
" Shh!! မျက်နှာမှာ အမာရွတ်ကျန်နေခဲ့ပြီ .. " ခရော့စ်က မှန်ကို ကြည့်ရင်း နူတ်ခမ်းတောင့်က အမာရွတ်အား ထိလိုက်ကာ မကျေမနပ်ရေရွတ်လိုက်သည် ။ သူက အစီရင်ခံနေသည့် အဖွဲ့သားအား ကြည့်လိုက်ကာ " S အဆင့် အထူးတာဝန်လား .. "
လက်ရှိတွင် အဖွဲ့ကိုးသည် မစ်ရှင် များစွာကို အောင်နိုင်ခဲ့သဖြင့် ဂုဏ်သတင်း တက်လာပြီဖြစ်သည် ။ သူတို့က စစ်ပွဲအတွင်း အမြောက်စာ ဖြစ်လာမည့် ကိစ္စအား လက်တလောတွင် ပူစရာမလိုတော့ပေ ။
" အာ.. ဒါက S အဆင့်ဆိုပေမဲ့ အခြားအဖွဲ့ကို ကူညီဖို့ပါ .. လွန်ခဲ့တဲ့ နှစ်လက လွတ်သွားတဲ့ စမ်းသပ်ချက် ၁၅ ကို ဖမ်းမိပေမဲ့ နောက်ကွယ် အင်အားစုရဲ့.. သဲလွန်စ အနည်းငယ် ဘဲ ရလိုက်တယ် .. ကျွန်တော်တို့က အဲ့နောက်ကွယ်က အင်အားစုကို စုံစမ်းတဲ့ နေရာမှကူညီပေးရုံပါဘဲ .." ရမ်.. က ချီတုံချတုံဖြင့် ပြောလိုက်သည် ။
" အကြောင်းအရာက အရေးကြီးတော့ မစ်ရှင်တန်ဖိုး မြင့်သွားတာပေါ့ ... " ခရော့စ်က အချက်အလက်ကို ကြည့်လိုက်ပြီး " ငါတို့က ဘယ်အဖွဲ့နဲ့ ပူးပေါင်းဖို့ လိုတာလဲ.."
" ပူးပေါင်းတာက တော်ဝင်စစ်တပ်နဲ့ပါ .. ဒါပေမဲ့ .. တော်ဝင်စစ်တပ်က အခြားတစ်ဖွဲ့ရဲ့ အမိန့်အောက်မှာ ရှိနေတယ်.. " ရမ်.. ၏ စကားကြောင့် ခရော့စ်၏ မျက်ခုံးများက မြင့်တက်သွားသည် ။ " ဒါဆို .. ငါတို့က အခြားသူရဲ့ အမိန့်အောက်မှာပေါ့ .."
ရမ် က အပြစ်အားလုံးခံယူဖို့ အသင့်ဖြစ်နေသည့် ပုံစံဖြင့် မျက်လုံးစုံမှိတ်လိုက်သည် ။ " အဲ့လူက ဗိုလ်မှူးကို တိုက်ခိုက်သွားတဲ့ သူမှန်း မသိခဲ့ပါဘူး .. " သူသည် ထိုနေ့က ခရော့စ်ပေးသည့် အခြားတာဝန်ကြောင့် အပြင်ရောက်နေတာဖြစ်ပြီး အဖြစ်အပျက်အား ကြားရုံသာ ကြားခဲ့ရသည် ။သူ မစ်ရှင်အား လက်ခံပြီးချိန်မှသာ သူ့ ဗိုလ်မှူးအား ရိုက်နှက်သွားသူဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်တင်းလိုက်ရာ သေဖို့ အသင့်ပြင်ထားသည့် ပုံပင်ပေါက်သွားခဲ့သည် ။
ခရော့စ်သည် သူ့အား အပြုံးမမည်သော အပြုံးတစ်ခုဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရချိန်တွင် တံတွေးတစ်ချက် ခက်ခက်ခဲခဲ မျိုချလိုက်ရသည် ။ ' သွားပြီ!.. သွားပြီ.. ငါတော့ သွားပြီ ..'