Arc.1.5
10.2K 1.2K 76
စု အိမ်တော်သည် စုမင်ဟွား ကြောင့် ချက်ချင်းပင် ဂုဏ်တက်သွားခဲ့သည် ။ သခင်မလေးများမှာလည်း တာရှန် ပြည်ရဲ့ မင်းသားနဲ့ လက်ဆက်နိုင်ခဲ့သည့် စုမင်ဟွားအား အားကျ မနာလို ဖြစ်နေခဲ့ကြသည် ။
ရှန်ယိ က မက်မွန်ပင်ပေါ်တွင် လှဲလျောင်းလျက် လက်နှစ်ဖက်ကို အနောက်ပစ်ကာ ကောင်းကင်အား မော့ကြည့်နေခဲ့သည် ။ သူ့ ပါးစပ်ထဲတွင်က အရိုးတံတစ်ခုကို ကိုက်ထားခဲ့သည် ။
ရွီ!!!
ပါးစပ်ထဲက အရိုးတံသည် ပြင်းထန်သည့် အားတစ်ခုအနေဖြင့် ထွက်သွားကာ သစ်ကိုင်း တစ်ခုပေါ်သို့ သွားစိုက်နေလေသည် ။ ရှန်ယိ က သစ်ပင်ပေါ်မှ ပေါ့ပါးစွာ ဆင်းလိုက်ပြီး ဖုန်ခါကာ ထွက်သွားတော့သည် ။ စိုက်နေသည့် နေရာတွင် သစ်ကိုင်းသာ ရှိသည့်မဟုတ်ဘဲ အဆိပ်ပြင်းသည့် မြွေ တစ်ကောင် သည် သေလျက် ကျန်နေခဲ့သည် ။
သေရမည့် ရက်ကို ကျော်နေသည့် သူ့အား သဘာဝမှ အမျိုးမျိုး လုပ်ကြံနေသည့်မှ လွဲ၍ အရာအားလုံး အဆင်ပြေလေသည် ။
" ကိုယ်ရံတော်ရှန် !!! " သူ့နာမည်အား အော်လျက် ညင်သာစွာ ပြေးလာသည့် မိန်းကလေး ကြောင့် ထိုမိန်းကလေးနဲ့ ဆန့်ကျင်ဘက်သို့ အလျင်အမြန် ထွက်သွားလိုက်သည် ။
' မေ့လို့ ... မိန်းကလေးတွေကို ရှောင်နေရတာ တစ်ခု အဆင်မပြေဘူး '
" ရှန်ယိ!!! ရှန်ယိ !!! အာ လွှတ်သွားပြန်ပြီ " ကောင်မလေး၏ မကျေမနပ် ရေရွတ်သံအား သူ့အနောက်တွင် ဝေးကွာစွာ ချန်ရစ် ထားခဲ့ နိုင်ခဲ့သဖြင့် သက်ပြင်းကို အသာချလိုက်သည် ။ သူစိတ်သက်သာရာ ရနေချိန်တွင် သဘာဝရဲ့ နောက်ထပ်လုပ်ကြံမှုကြီး ရောက်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ လှေကားထစ်မှ ချော်လှဲသွားလေတော့သည် ။ ကံကောင်းသည်က
' ငါလေး သိုင်းတတ်လို့ပေါ့ .. ဟဟ  '
ချော်ချသွားသည့် ညာခြေဖနှောင့် အောက်သို့ ဘယ်ခြေအား အားပြုကာ ထောက်‌ကန်လိုက်ပြီး မြေပြင်ကို လက်ထောက်ကာ ပြန်ကန်အားဖြင့် ပြန်ရပ်လိုက်သည် ။ သို့သော် သူ ပြန်ရပ်ချိန်တွင်
သေစမ်း!!! သဘာဝရေ ဒဘယ်လ် ဖာ့ခ်
သူ့အား ဘာဖြစ်သွားသလဲ လာငုံ့ ကြည့်နေသည့် ဘုရင်အား အရှိန်လွန်ကာ တိုက်မိသွားလေတော့သည် ။