Arc .8.9
2.6K 497 92
ကောင်းကင်မီးလျံအား ထိန်းချုပ်ထားသည့် ရေခဲကြာပန်း မရှိတော့သည့် အချိန်တွင် မီးလျံ၏ စွမ်းအင်များသည် အစွမ်းကုန်ဖြာထွက်လာကာ ယွင်လဲ့တောင်၏ ရာသီဥတုကိုပင် ပြောင်းလဲသွားစေကာ ရေခဲများ အရည်ပျော်ကျလာခဲ့၏ ။ ယွင်လဲ့တောင်၏ အတွင်းပိုင်းသည် ခြေချလိုက်သည်နဲ့ အသက်ကို နူတ်ယူနိုင်လောက်အောင် အေးစက်လေ့ရှိသည့် နေရာဖြစ်သည် ။
ထိုနေရာတွင် လူမပြောနဲ့ သားရဲများပင် မနေနိုင်ကြပေ ။ သို့သော် ယခု ထိုနေရာတွင် လူနှစ်ယောက်သည် မျက်နှာချင်းဆိုင် ထိုင်လျက်အနေအထားရှိနေခဲ့ပြီး လက်ဖဝါးများက ပူးကပ်နေခဲ့၏ ။ အပြာရောင်အလင်းတန်းနဲ့ အနီရောင်အလင်းတန်းများ ဖြာထွက်နေခဲ့ပြီး စွမ်းအင်နှစ်ခုက ယှက်နွယ်နေခဲ့သည်ကို တွေ့နိုင်‌လေသည် ။
" ရှီရှုံး .. ကျွန်တော် .." လော့ကျွင်းသည် စွမ်းအင်အားလုံးကို ဖိနှိပ်ဖို့ သုံးထားရပြီး စကားလုံးများကို ညစ်ထုတ်နေခဲ့ရ၏ ။
" စကားမပြောနဲ့ ... အာရုံစိုက် .." ချန်းယန်၏ သတိပေးစကားအတိုင်း လိုက်လုပ်ချင်သော်လည်း သူက အာရုံစိုက်ဖို့ မလုပ်နိုင်ဖြစ်နေခဲ့သည် ။ သူက ကိုယ်တွင်းသို့ ဖိနှိပ်ရန် ဝင်လာသည့် စွမ်းအင်များကို လက်ခံဖို့ တွန့်တိုနေခဲ့သည် ။
ချန်းယန်၏ အမှုအယာက အေးစက်သွားကာ " လက်ရှိခြေအနေက မင်းအတွက်တင် လုပ်နေတာမဟုတ်ဘူး .. ငါ့အတွက်လည်း အကျိုးရှိတယ် .. တုန့်ဆိုင်း မနေနဲ့ .."
လော့ကျွင်းသည် ဖြူဖျော့နေသော တည့်တံ့သည့် မျက်နှာချောချောအား ကြည့်ရင်း အံကြိတ်ကာ မျက်စိမှိတ်လိုက်‌တော့သည် ။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည် ။ လူနှစ်ယောက်သည် အသက်ရှုသံ သဲ့သဲ့မှ လွဲကာ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ ။ သို့သော် အပူလိုင်းသည့်  တစ်ဖြည်းဖြည်း ကျုံ့လာခဲ့ပြီး အအေးဓာတ်များ ပြန်လည် စိုးမိုးလာခဲ့ပြီး နှင်းများ ဖုံးအုပ်လာခဲ့သည် ။ ခန္ဓာကိုယ်နှစ်ခု၏ အပေါ်တွင် ရေခဲလွှာလေးပင် ဖြစ်ပေါ်လာခဲ့ကာ ရေခဲရုပ်ထု အဖြစ် ပြောင်းလဲ သွားခဲ့သည် ။