Arc.4.18
3K 560 66
အန်းနက်တို့အဖွဲ့က werewolf အဖွဲ့များအား သူတို့ ပိုင်နက်အတွင်းပိုင်း ရောက်ကာ နယ်ခြားစည်းအား ကျော်သည်အထိ တွန်းပို့နေခဲ့ရသည် ။ ပထမတစ်ခေါက်တွင် werewolf များက မည်ကဲ့သို့ နည်းလမ်းဖြင့် နယ်ခြားစည်းအား ကျော်လွန်ခဲ့မှန်းမသိသော်လည်း သဘောတူညီချက်မပြီးမချင်း နောက်တကြိမ် ကျော်လွန်ရန် ခက်ခဲမည်မှာ အသေအချာပင် ။ werewolf များက သူတို့အား ပြန်တိုက်ခိုက်လာမည့်ဖြစ်နိုင်ချေကြောင့် ဒီတာဝန်သည် အတော်လေးအန္တရယ်များလှသည် ။ မာလိုက မာဂတ်အား စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်လျှင် အခန့်မသင့်ပါက တစ်ဖွဲ့လုံး သေဆုံးရပေလိမ့်မည် ။
တဖက်တွင် မာလိုက ရိုမန် ကိုယ်တိုင်မလိုက်လာသဖြင့် စိတ်အေးသွားသည်။ သူက ရိုမန်သည် ရိုးလ် အား သွားကယ်နေသည်ဟု မှတ်ယူလိုက်ကာ နူတ်ခမ်းများ တွန့်ကွေးသွားသည် ။ ရိုမန်အား ရှုရားလ်တို့ ဖြေရှင်းပြီးပါက သူသည် လူသားတို့အား ထပ်တိုက်ခိုက်မည် ဖြစ်သည် ။
____
ရီဗဲလ်က ‌တဖြည်းဖြည်း အနီရောင်သန်းလာသည့် ကောင်းကင်ကိုကြည့်ရင်း မျက်ဝန်းထဲတွင် တုန်လှုပ်မှုတို့ ကြီးစိုးလာခဲ့သည် ။ သူ့ရင်ဘတ်ပေါ်တွင် တဖြည်းဖြည်းပုံပေါ်လာသည့် မီးတောက်ပုံစံ အမှတ်အသား သည် အလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေခဲ့သည် ။ သူရဲ့ အပြာရောင်မျက်ဝန်းများက တစ်ချက်တစ်ချက် အနီရောင်သို့ ပြောင်းလဲသွားသေးသည် ။
" ရီ!!! ဘာလုပ်နေတာလဲ .." ရိုမန်က လှဲ‌နေရာမှ လှမ်းပြောလိုက်သည် ။ သူရဲ့ အပြင်ပန်းသဏ္ဍာန်သည် သာမန်အတိုင်းသာ ဖြစ်သော်လည်း တကယ့်တကယ်တွင် တစ်ချက်လှုပ်ရှားလိုက်သည်နဲ့ လျှပ်စစ်နဲ့ ရှော့ရိုက်ခံရသည့်အလား ဖြစ်နေခဲ့သည် ။ ဒီအခြေအနေသည် ရိုးလ်လစ်အား ကယ်ဖို့ ဆုံးဖြတ်လိုက်သည်နဲ့ ပျောက်သွားမည်မှန်း သိသော်လည်း ရိုမန်က ထိုသို့ မလုပ်ပေ ။
ရီဗဲလ်၏ မျက်ဝန်းများသည် ပြာလဲ့လဲ့အဖြစ်သို့ ပြန်ရောက်လာကာ " ကျွန်တော်.. သွားစရာလေးရှိလို့ .."
" ကိုယ်လိုက်ပို့မယ် .." ရိုမန်က နာကျင်မှုကို သည်းခံလိုက်ကာ ထရပ်လိုက်သော်လည်း ရီဗဲလ်၏ အလျင်အမြန် တားဆီးခြင်း ခံလိုက်ရသည် ။ ရိုမန်၏ အမှုအရာက ပျက်ယွင်းသွားသော်လည်း သူက ပြန်ထိန်းလိုက်သည် ။