Arc.4.14
3.1K 571 40
ရိုမန်၏ ခြေလှမ်းများက ဆိုဖာပေါ်တွင် ခပ်ကုတ်ကုတ်လေးထိုင်နေသည့် ရီဗဲလ်၏ အရှေ့တွင် ရပ်လိုက်သည် ။ မျက်လွှာအသာပင့်ကာ မော့ကြည့်လာသည့်ကောင်လေးက အခုထိကြောက်လန့်မှုမပျောက်သေးသည့်ဟန် ခန္ဓာကိုယ်လေးသည် တုန်ယင်နေသေးသည် ။
" ရီ.."
ရီဗဲလ်က သူ့ထံသို့ လက်ကမ်းပေးလာသည့် ရိုမန်အား ကြည့်လိုက်သည် ။ အေးစက်စက်မျက်နှာထက်က အပြုံးနုနုလေးက သူ့အား စိတ်အေးဖို့ ကြိုးစားနေသကဲ့သို့ လှမ်းလာသည့် လက်ချောင်းရှည်သွယ်သွယ်တွေက သွေးအနည်းငယ်စွန်းနေသော်လည်း သူ့အတွက် လုံခြုံမှုကို ပေးစွမ်းနေခဲ့သည် ။
ရိုမန်က ရင်ခွင်ထဲသို့တိုးဝင်လာသည့် ကောင်လေး၏ခေါင်းလေးအား ခပ်ဖွဖွပုတ်လိုက်ပြီး နစ်ဝင်နေအောင်ဖက်ထားပေးခဲ့သည် ။
" ကျွန်တော့်ဆီကို ထပ်ရောက်လာကြလိမ့်မယ် .." ခပ်တိုးတိုးပြောလာသည့်ကောင်လေး၏ ပါးပြင်လေးကိုအသာထိရင်း " ကိုယ် တိုက်ခိုက်နိုင်တယ်.." သူက ဘာကြောင့်လိုက်ဖမ်းကြတာလဲ ဆိုသည့်မေးခွန်းကို မမေးခဲ့ပေ ။ ထိုမေးခွန်းက မေးဖို့မလိုသလို သူ့အတွက် အရေးကြီးဆုံးက ကောင်လေး လုံခြုံဖို့သာ ။
ရီဗဲလ်က ရိုမန်ကို ခပ်ငေးငေးကြည့်လိုက်ပြီးမှ ခေါင်းအသာယမ်းလိုက်သည် ။ ' ခများ ဒဏ်ရာရတာ မမြင်ချင်ဘူး '
" ခေါင်းဆောင်!! " ရိုမန်က ဘာမှမပြောရသေးခင် မျက်နှာထက်တွင် စိုးရိမ်ပူပန်နေသည့်အမှုအရာဖြင့် ဝင်လာသည့် အန်းနက်အား အပြင်တွင်စောင့်ရန် လက်ကာပြလိုက်သည် ။ သူက ရီဗဲလ်၏ နဖူးလေးအား တစ်ချက်နမ်းလိုက်ကာ " ကိုယ့်ကို ခနစောင့်ပေးနော်.. နောက်ပြီး .." သူက ရီဗဲလ်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ " မင်းက ကိုယ့်အပိုင်ဖြစ်နေပြီမို့ .. ကိုယ်ကိုယ်တိုင်က ကာကွယ်ဖို့ ဆန္ဒရှိနေတာမို့.. ဝန်ထုပ်ဝန်ပိုးလို့ မတွေးပါနဲ့.. "
" ဒါ.. ဒါဆို သခင်ကရော ကျွန်တော့်အပိုင်လို့ သတ်မှတ်လို့ရလား " သူထွက်သွားဖို့ပြင်နေကာမှ ထွက်လာသည့် အသံလေးကြောင့် ရိုမန်က အသာပြုံးကာ လှည့်ကြည့်လိုက်သည်။ " ဒါပေါ့ .. ကိုယ်ကမင်းလေးရဲ့အပိုင် မင်းတစ်ယောက်တည်းအတွက်ဘဲ "