Arc.5.5
3.8K 650 20
" ကိုယ်တော်က စိတ်မဖတ်တတ်ပါဘူး .. အဲ့လိုကြီး မနေစမ်းပါနဲ့.." အန်းဇယ်ရီက လက်ဖက်ရည်ခွက်အား အသာမြောက်ကိုင်လျက် အတွေးမျိုးစုံ မတွေးမိအောင် အတင်းထိန်းချုပ်နေရဟန်ပေါ်သည့် လင်းယွီ့အား တည်ငြိမ်စွာ ပြောလိုက်သည်။
လင်းယွီ့၏ အမှုအရာက ဆေးခါးကြီး စားလိုက်ရသည့်နှယ် ဖြစ်သွားခဲ့သည် ။ ' ခများက မဖတ်တတ်ဘူးဆိုရင်လည်း တိတ်တိတ်လေးနေလိုက်ပါလား!!! အဲ့လိုပြောနေတာ ပိုဆိုးတယ်..' အန်းဇယ်ရီ၏ မျက်နှာသည် အမြဲလိုလို တည်ငြိမ်အေးစက်နေသဖြင့် ထိုသူက စကားပြောတာတောင် အမှုအရာတစ်ချက် မပြောင်းသဖြင့် အမှုအရာကို ဖတ်ရန် ခက်ခဲလှပြီး စနှောက်ပြောနေသည်လား အတည်ပြောနေသည်လား မခွဲခြားနိုင်ပေ ။
" အို!!! မိန်းကလေးမုန့် မဟုတ်လား ?? " ခနဲသလို ရေရွတ်သံက လင်းယွီ့၏ပျံ့နှံ့နေသည့် အာရုံအား ဆွဲယူသွားလေသည် ။ သူက လှည့်ကြည့်လိုက်ချိန်တွင် လှေကားထိပ်နားတွင် အမျိုးသမီး သုံးဦးကို တွေ့လိုက်ရသည် ။ မုန့်ယိရှင်းအပေါ်တွင် စွန့်ပစ်ခံရခြင်း ဆိုသည့်ခေါင်းစဉ်သည် မသက်ရောက်သည့်ဟန် သူမ၏ အမှုအရာသည် ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။
လင်းယွီက တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျန်နှစ်ယောက်မှ မုန့်ယိရှင်းအား နိမ့်ချကာ လှောင်ပြောင်ဖို့ ကြိုးစားနေကြောင်း သိလိုက်သည် ။ သူက လက်ဖက်ရည်ခွက်ကို ကိုင်လျက် အောက်ရှိ ဈေးတန်းအား ကြည့်နေသည့် အန်းဇယ်ရီ ထံသို့ ချက်ချင်း ပြန်ရောက်သွားခဲ့သည်။ မုန့်ယိရှင်းတို့၏ အသံများသည် တဖြည်းဖြည်းကျယ်လောင်လာခဲ့ကာ လူတိုင်းစိတ်ဝင်တစား လာကြည့်ကြလေသည် ။ သို့တိုင်အောင် အန်းဇယ်ရီ၏ အကြည့်က ထိုဘက်သို့ တစ်ချက်တောင် မရောက်သွားခဲ့ပေ။
" မသွားနဲ့!! " အန်းဇယ်ရီက ထရပ်ရန်ပြင်နေသည့် လင်းယွီ့အား မော့ကြည့်လိုက်သည် ။ သူက တူနှစ်ချောင်းဖြင့် ဟင်းတချို့အား ညှပ်ယူလိုက်ကာ လင်းယွီ့၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည် ။ ပတ်ဝန်းကျင်တွင် သူ့အား စောင့်ကြည့်နေသည့် မျက်လုံးများကို မမြင်ချင်ယောင်ဆောင်ထားခဲ့သည် ။ ပုံမှန်ဆိုလျှင် ဒီအချိန် မုန့်ယိရှင်းအား ကယ်တင်မည့်သူ ပေါ်လာပြီ ဖြစ်သော်လည်း ဒီဆိုင်ထဲတွင် သူရှိနေသဖြင့် မည်သူမှ ရှေ့မထွက်ရဲခဲ့ပေ။ တုပ်တုပ်မလှုပ်သည့် သူ့အမှုအရာက မုန့်ယိရှင်းအား ကာကွယ်မည် မဟုတ်ကြောင်းကို ဖော်ပြနေသဖြင့် သူက သူမအပေါ်မည်မျှ စိတ်ပျက်နေကြောင်း သိသာလေသည် ။ သူမအား ယခုချိန် ကယ်တင်သည့် လူသည်လည်း ချီဝမ်ရယ်၏ ဒေါသကို ခံယူရမည် မဟုတ်ဟု မည်သူမှ အာမမခံနိုင်ပေ ။