Arc.2.6
6.6K 904 103
ကျိုးယဲ့ဟန် သည် မနက်စာကို တိတ်တဆိတ်စားနေစဉ် လှေကားမှ အသံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်သည် ။ သူက မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါသထွက်သွားသည် ။ " ကိုကို!!... ဒါဘာလုပ်တာလဲ "
လုဖုန်း၏ မျက်မှန်က အေးစက်စက် အလင်းတစ်ချက်လက်သွားကာ " ဒီအသက်အရွယ်အထိ ကပ်နေခဲ့ပြီးမှ ပြောရတာ နဲနဲတော့ရှက်စရာကောင်းပေမဲ့ .. အခုလိုဆက်နေလို့ မဖြစ်တော့ဘူးမလား "
ကျိုးယဲ့ဟန်သည် ဒေါသနဲ့ ကူကယ်ရာမဲ့မှုအား ချိုးနှိမ်လိုက်ကာ " အဲ့တော့ .." သူက အေးဆေးသက်သာ မျက်မှန်ပင့်တင်နေသည့်သူအား ဆက်ကြည့်မနေနိုင်တော့ပေ ။ လုဖုန်း၏ လက်ထဲမှ အိတ်အား ဆွဲယူလိုက်သော်လည်း လက်မြန်သည့် ထိုသူက ပြန်ဆွဲယူသွားခဲ့သည် ။ ကျိုးယဲ့ဟန်သည် ဒီ လူ ဘယ်လိုလုပ် ကိုယ်ခံပညာ တတ်လာလဲ မသိသော်လည်း ယခုအချိန်တွင် သူက ထိုသင်ပေးသည့် လူကိုသာ သိပါက ငရဲဆိုတာ ဘာဆိုတာ သိအောင် ပြပေးလိုက်ချင်သည် ။
လုဖုန်းရှေ့တွင် ပိတ်ရပ်လိုက်ကာ " ကျွန်တော်သွားခွင့်မပြုဘူး " ပါတီပွဲတွင် ချင်ယွင်ချီ ပြန်သွားပြီးနောက် အိမ်သို့ ချက်ချင်းပြန်လာသည့် ကိစ္စကို မပြောသေးခင် တညလုံး ချင်ယွင်ချီ အကြောင်း စုံစမ်းနေသည့် ဒီလူကြောင့် ယခု ဒီအိမ်က ထွက်သွားပြီးသည်နဲ့ သူသည် ဒီလူအား ပြန်ယူဖို့ အခွင့်အရေးပင် မရှိဘဲ ဆုံးရှုံးရလိမ့်မည် ။
ကျိုးယဲ့ဟန် သည် တစ်ခုတည်း‌သော အခွင့်အရေး ဆုံးရှုံးရမည်ကို စိုးရိမ်နေသော်လည်း ထို အခွင့်အရေးသည် လုဖုန်း၏ ဝိညာဉ်ပြောင်းသွားကတည်းက မရှိတော့ခြင်းကို မသိခဲ့ပေ ။
လုဖုန်းက ကျိုးယဲ့ဟန် အား ခံစားချက်မဲ့သည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။ စိတ်ထဲတွင် မတင်မကျဖြစ်နေခဲ့သည့် ခံစားချက်သည် သေချာသွားခဲ့လေပြီ ။ စနစ် သည် သူ့အား ချောက်ထဲပစ်ချရုံသာမက ကျောက်တုံးနဲ့ပါ ဖိသတ်ဖို့ ကြံစည်နေလေသည် ။
အရင်လုဖုန်း အပေါ်တွင် ထားနေခဲ့သည့် ဇာတ်လိုက်၏ စိတ်အခြေအနေသည် system ပြောပြောနေသည့် ဇာတ်လမ်းရဲ့ လျို့ဝှက်ချက်ကြီးပင် ။ ဒီတစ်ခါ ပစ်မှတ်သည် ကွေ့လန်အာ ဖြစ်နေခဲ့သည့် အကြောင်းအရင်းအား တွေးနေဖို့ပင် မလိုတော့ချေ ။ ဒီကိုယ်သည် ဇာတ်လိုက်ရဲ့ ချစ်ရသူဖြစ်ဖို့ အခြေအနေ ၊ အနေအထား ရှိနေခဲ့ခြင်းပင် ။