Arc.5.16
3.4K 626 87
ဝုန်း!!!
" ဇယ်ရီ!!! မင်း..မင်း နိုးလာပြီလား .. အဆင်ပြေရဲ့လား " အခန်းထဲသို့ အလောတကြီး ပြေးဝင်လာသည့် ကျန်းနင်၏ ခြေလှမ်းများက ရပ်တန့်သွားကာ အံ့ဩတကြီး မေးလိုက်သည် ။ အပြင်ဘက်တွင် ရုတ်တရက် ဝမ်ရယ်အိမ်‌တော်တွင် ‌ပေါ် လာသည့်မိုးကြိုးကြောင့် လူများ ထိတ့်လန့်နေကြဆဲပင် ။ အရင်ရက်များအတွင်း အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့် အရာများနဲ့ ဆက်စပ်ကာ အိမ်တော်သည် မတည်ရှိသင့်ဆိုသည့် စကားများ ထွက်နေကြသည် ။
အန်းဇယ်ရီက ဝတ်ရုံလက်စကို ခါလိုက်ပြီး လက်နှစ်ဖက်ကို အနောက်ပစ်လိုက်ကာ အံ့ဩနေသည့် ကျန်းနင်အား မေးလိုက်သည် ။ " ငါ့ရဲ့ အလှလေးရော .?? "
" အ.. အလှလေး.." ကျန်းနင်၏ မျက်နှာက ခက်ထန်လာကာ ဒေါသတကြီး လက်ညိုးထိုးလိုက်သည် ။ " ခွေးကောင်!! အခုထိ အဲ့ကောင်မကို မမေ့သေးဘူးလား .. မင်းမေ့နေတဲ့ အချိန်မှာ လင်းယွီ့ ဘယ်လောက်တောင် ခက်ခဲခဲ့ရလဲ .. "
ဘန်း!!!
စားပွဲခုံသည် ကျန်းနင်၏ အားပြင်းလှသည့် ရိုက်ချက်ကြောင့် ကျိုးကြေသွားခဲ့သည် ။ " မုန့်ယိရှင်းက အခြားကောင်နောက်ကို အမြီးနှံ့ပြီးလိုက်သွားပြီကွ .. အခု လင်းယွီ့က သူ့ရဲ့ ရာထူးကနေ ဖယ်ရှားဖို့ ဖိအားပေးခံနေရတာ .. မင်းက ကျေးဇူးမသိတတ်..." ကျန်းနင်က ရုတ်တရက် ပြောင်းလာသည့် လေထုကြောင့် .. ပြောလက်စစကားကိုပင် ရပ်တန့်မိသွားသည် ။
" မင်း.. မင်း.. ဘယ်သွားမလို့လဲ .. " အလျင်စလိုထွက်သွားသည့် အန်းဇယ်ရီကြောင့် ကျန်းနင်က အော်လိုက်သည် ။ သူ အခန်းပြင်သို့ ရောက်ချိန်တွင် နံရံကို အသာကျော်လျက် တော်ဝင်နန်းတော် ဘက်သို့ ထွက်သွားသည့် အန်းဇယ်ရီ၏ ကျောပြင်ကိုသာ တွေ့လိုက်ရသည် ။ ထိုပုံရိပ်ကလည်း ဖျတ်ခနဲဆိုသလို ပျောက်သွားကာ ခပ်ဝေးဝေးတစ်နေရာတွင် ပေါ်လာသည် ။
" သောက်ကျိုးနည်း !!! မြန်လိုက်တာ .. ငါ့ ကိုယ်ဖော့ပညာတောင် အဲ့လောက် မမြန်ဘူး .."
***
" အရှင်မင်းကြီး!! ကျွန်တော်မျိုး .. အနောက်ဘက်ကို သွားဖို့ အကြောင်းရင်းများ ရှိပါသလား .." လင်းယွီ့က တည်ငြိမ်စွာပင် လျှောက်တင်လိုက်သည် ။ အနောက်နယ်စပ်တွင် သူစစ်ပွဲများစွာ တိုက်ခိုက်ပြီးနောက် ငြိမ်းချမ်းနေပြီဖြစ်ပြီး ထိုဘက်က နိုင်ငံနဲ့လဲ ငြိမ်းချမ်းရေးယူထားပြီး ဖြစ်သည် ။ ငြိမ်းချမ်းရေး စာချုပ်ကို မဖောက်ဖျက်မချင်း နယ်စပ်သည် အေးချမ်းနေမည် ဖြစ်သည် ။