Arc.8.13
2.6K 457 32
" မလိုတော့ဘူး .. ငါရှာချင်တဲ့သူ တွေ့ပြီမို့ .." ချန်းယန်က လက်ဝှေ့ယမ်းလိုက်ရာ ပုလင်းငယ်တစ်ခု ပေါ်လာ၏ ။ သူက ချန်းယင်ထံသို့ ပေးလိုက်ပြီး " စိတ်ဝိညာဉ်ဆေးလုံးဘဲ .. ဒါက အမြုတေအဆင့်မရောက်သေးတဲ့ သူတွေအတွက် အသုံးဝင်တယ် .. ယူသွား.."
ချန်းယင်က ယူရန်တုံဆိုင်းနေပေ၏ ။ သူက ခေါင်းငုံ့လိုက်ပြီး " အစ်ကိုကြီး တစ်ယောက်တည်း အဆင်ပြေပါ့မလား .." ဖြစ်နိုင်လျှင် သူက ဒီလူနဲ့ အချိန်နဲနဲကြာမြင့်စွာ နေချင်နေသေးသည် ။ ဒီလူက သူ့ဂရုစိုက်မှုကို လိုအပ်နေမည် မဟုတ်သော်ငြား ပေးချင်နေခဲ့သေး၏ ။
" ရှီရှံး .. တိုက်ဆိုင်လိုက်တာ .. " အနီရောင်ပုံရိပ်တစ်ခုသည် သူတို့ရှေ့တွင် ဖြတ်ခနဲပေါ်ပေါက်လာခဲ့ကာ ချန်းယန်၏ လက်အား ဆွဲကိုင်လိုက်၏ ။ ချန်းယင်က ဆုပ်ကိုင်ခံထားရသည့် ချန်းယန်၏ လက်နေရာသို့ စူးစိုက်ကြည့်ကာ သူ့အကြည့်များ စူးရှသွားရသည် ။
" ငါ့ကို လာမထိနဲ့ " ထိုစကားသည့် သူတွဲကူဖို့ ပြင်စဉ်က ကြားခဲ့ရသည့် ချန်းယန်ထံမှ အေးစက်စက်စကားပင် ။
ချန်းယန်က ခပ်ဖွဖွပြုံးလျက် လော့ကျွင်း၏ လက်အား အသာပုတ်လိုက်ကာ " တိုက်ဆိုင်တာ မဟုတ်ဘူး .. ရှီရှုံးမင်းကို လာရှာတာ .." ချန်းယန်၏ စကားက လော့ကျွင်း၏ မျက်လုံးများကို တောက်ပသွားစေကာ မျက်ဝန်းထဲက ခပ်ရေးရေးမြင်ရသည့် မီးတောက်ကလေးပင် တဖြတ်ဖြတ်လှုပ်ရှားသွားရ၏ ။
" .. အဲ့ဒါနဲ့ ‌သူတို့ ပစ္စည်းတွေ ဖျက်ဆီးခဲ့လိုက်တယ်လေ .. မိန်းကလေးကျီ ဆိုတဲ့ တစ်ယောက်တော့ ဒေါသထွက်ပြီး ကျန်ခဲ့လေရဲ့ .."
လော့ကျွင်းက ရတနာမျှော်စင် အရှေ့မှာပင် သူတို့အား လှောင်ပြောင်နေခြင်းအား ချန်းယင်က ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရသည် ။ ဒီလို ချမ်းသာသည့် အင်အားစုအနေဖြင့် မျှော်စင်တွင် စောင့်ကြည့်ရေး အစီအရင် မဆင်ထားဘူးဟု သူက မယုံကြည်ပေ ။ လော့ကျွင်းက ထိုအရာကို မသိဟုဆိုလျှင် ပိုလို့ပင် အဓိပ္ပာယ်မရှိသေးသည် ။ ဖြစ်နိုင်သည်က လော့ကျွင်းသည် ရတနာမျှော်စင်အား ဂရုမစိုက်လို့သာ ဖြစ်လိမ့်မည် ။