Arc.9.3
2.4K 373 22
" Akimi...  Shun ရော .. " အရပ်ပုပု ကောင်လေးတစ်ယောက်က အနောက်သို့ လှမ်းကြည့်လိုက်ကာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည် ။
" ငါ့အလုပ်က သူ့ကို သွားခေါ်ဖို့ဘဲလေ .. စောင့်နေဖို့ လိုလို့လား .." Akimi က အထင်တသေးပြောရင်း ပုခုံးနှစ်ဖက်အား တွန့်ပြလိုက်သည် ။ သည်အချိန်တွင် Shun အား သတိပေးသွားသည့် လူငယ်က ရောက်လာကာ Akimi ၏ ပုခုံးပေါ်သို့ လက်တင်ကာ " ဘယ်သိမလဲ .. အဲ့ကောင်က မတန်မရာမှန်းပြီး ဒီအိမ်ကနေ မသွားချင်လို့ အချိန်ဆွဲနေတာ နေမှာပေါ့ .."
" အချိန်မရရင် မာစတာက အရင်ပြန်နှင့်လိုက်ပါ .. Shun ကို လိုက်ပို့ပေးလိုက်ပါ့မယ် .." Regis က စာအုပ်ဖတ်နေရာမှ လှည့်ပြောလိုက်သည် ။ Loyar က သူ့အနောက်တွင် ရပ်နေခဲ့ပြီး နူတ်ခမ်းကိုက်လိုက်သည် ။ ဒီသူငယ်ချင်းတွေက အနည်းငယ် ရှက်ဖို့ကောင်းသည်ဟု ခံစားမိလိုက်သည် ။ သူတို့က Regis Sama အရှေ့တွင် နိမ့်ကျသည့် စကားလုံးများ ပြောနေသေးသည် ။ အရင်ကမ္ဘာမှာဆိုလျှင် ထူးခြားခြင်းမရှိသော်လည်း ယခု သူမတို့နေရာက အဆင့်အတန်းခွဲခြားပြီး အသုံးအနှုန်း ဂရုစိုက်ရသည် ။
" မလိုတော့ပါဘူး .. အချိန်ဖြုန်းမိသွားရင် တောင်းပန်ပါတယ် .. " Shun သည် ရုတ်တရက်ပေါ်လာခဲ့ပြီး ညာဘက်လက်အား ရင်ဘတ်သို့ ကပ်လိုက်ကာ ယဉ်ယဉ်ကျေးကျေးပြောလိုက်သည် ။ သူ့အပြုအမှုနဲ့ လေသံက အဆင့်တစ်ခုတွင်ရှိနေပြီး အပိုအလိုမရှိပေ ။ ဒီအသုံးအနှုန်းတွေနဲ့ အသားကျဖို့ အချိန်အနည်းငယ် ယူခဲ့ရတာဖြစ်သည် ။
လူတိုင်းက အထက်တန်းလွှာ သခင်လေးတစ်ယောက်နှယ် ဝတ်ဆင်ထားသည့် Shun အား ကြည့်လိုက်ကြသည် ။ နူတ်ခမ်းတောင့်စွန်း တစ်ဖက်ကို ကော့ညွတ်ကာ မာစတာအား တောင်းပန်စကားပြောနေသည့် သူအား သူတို့သိသည့်  Shun နဲ့ နှိုင်းယှဉ်နေမိသည် ။ အဖြေသိကာ အဖြူနဲ့အနက်လို လုံးဝကွာခြားနေပြီ လူမှားနေပြီလား ဟုပင် တွေးနေကြသည် ။
Regis ၏ မျက်ဝန်းများက မှေးကျဉ်းသွားသည် ။ သူက Shun ထံမှ အန္တရယ်အငွေ့အသက်ကို ခံစားမိနေသောကြောင့်ပင် ။ သို့သော် ခံစားချက်က မရေရာနေသဖြင့် သူက အတည်ပြုဖို့လိုနေသေးသည် ။ သို့သော် သူက တိတ်ဆိတ်နေပြီး ဘာမှမပြောခဲ့ဘဲ မြင်းလှည်းဖြင့် ထွက်ခွာသွားသည်ကိုသာ ကြည့်နေလိုက်သည် ။ သူက Loyar အား " Shin ကို သွားရှာလိုက် မင်းအတွက် စီစဉ်ပေးလိမ့်မယ် .."