Arc.8.24
2.8K 447 28
နှစ်‌ပေါင်း တစ်ထောင်ဆိုသည့် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည် ။ ချန်းယန်သည် နတ်ဆိုးဂိုဏ်းတစ်ခုကို တည်ထောင်ထားခဲ့ပြီး ဂိုဏ်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ တစ်လောကလုံး သူတို့ အပိုင်ဖြစ်ဖို့ပင် ။ ဒါက နတ်ဆိုးဂိုဏ်းများသာမက လူတိုင်း၏ ရည်မှန်းချက်ဖြစ်ကာ အထူးအဆန်းမဟုတ်ပေ ။
နတ်ဆိုးဂိုဏ်းတွင် ဆုကြေးကျောက်ပြားတစ်ခုရှိကာ အနိမ့်ဆုံးနေရာတွင် ရှိသည့် မစ်ရှင်က လူတိုင်းကို မျက်လုံးပြူးသွား‌စေသည် ။ ထိုနေရာတွင် " ဟုန်ယိဂိုဏ်းမှ မို့ယောင်အား သတ်ရန် - ဝိညာဉ်ကျောက်တုံး တစ်တုံး " ဟု ရေးထွင်းထားသည် ။
နှစ်များ ကုန်လွန်ပြီးချိန် မို့ယောင်သည်လည်း ရန်စသင့်သည့်သူတစ်‌ယောက် မဟုတ်တော့ပေ ။ သူ့နာမည်က လူတိုင်းကို အံ့ဩစရာများ ပေးစွမ်းနိုင်သည် ။ ထိုကဲ့သို့ လူတစ်ယောက်အား သတ်ဖို့ ထုတ်ထားသည့် ကြေးက သူ‌တောင်းစားတစ်ယောက်အား သတ်ဖြတ်ဖို့ ထုတ်ထားသည့် ကြေးထက်တောင် နည်းသေးသည်။  ဒါသည် တမင်သက်သက် ရန်စခြင်းတမျိုးပင် ။
မို့ယောင်သည် ဒီနှစ်များတွင် နတ်ဆိုးကျင့်ကြံသူများစွာနဲ့ တိုက်ခိုက်ခဲ့သည် ။ သူသည် ထိုလူများထံမှ ရသည့် အကျိုးအမြတ်များက သူ့ဘာသာ တိုးတက်အောင် လုပ်သည်ထက်ပင် ပိုရသေးသည် ။ တကယ်ကို မဟာရန်သူများသည် ဇာတ်လိုက်များ၏ ရတနာပုံကြီး ဖြစ်လေသည် ။ အကြောင်းကြောင်းကြောင့် မို့ယောင်သည် နတ်ဆိုးကျင့်ကြံသူများနဲ့ တိုက်ခိုက်ရသည်ကို နှစ်သက်လာသည် ။ သူက တမင်သတ်သတ်ပင် အမဲလိုက်လေ့ရှိသေးသည် ။
သူသည် မည်မျှပင် ယုလန်တစ်ယောက်တည်းကိုသာ နှစ်သက်သည်ဟု ဆိုပါစေ မောင်းမဆောင်အရေအတွက်က တိုးလာမြဲပင် ။ သူ့အတွက် ချန်းယန်သည် အရင်က မျက်စီစပါးမွှေး စူးစရာဖြစ်ခဲ့သော်လည်း အခုချိန်တွင် ထိုသူအား မျက်လုံးထဲပင် မထည့်တော့‌ပေ ။ အခုချိန် ထပ်တွေ့မည်ဆိုပါက သူက ကောင်းကောင်း ရိုက်နှက်နိုင်ဦးမည် ဖြစ်သည် ။ သူက ထိုသူအား တစ်ချိန် ထိန်းချုပ်နိုင်ခဲ့ဖူးသည်ကို ဂုဏ်ယူနေဆဲ။
" မြူနှင်း အကာအကွယ် က မို့ယောင်လက်ထဲကို ကျရောက်သွားခဲ့ပါတယ် .. ဂိုဏ်းချုပ် အပြစ်ပေးပါ .." လူငယ်တစ်ယောက်က ချန်းယန်အား အရိုအသေပြုလျက် ပြောလိုက်သည် ။ သူ့ ခါးများသည် မတ်မတ်အနေအထား ရှိနေကာ မယိမ်းယိုင်သည့် စိတ်ဓာတ်များက အထင်သားဖြစ်သော်လည်း အပြစ်ရှိစိတ်အနည်းငယ်ပါနေခဲ့သည် ။ သူက မို့ယောင် လက်မှ ထွက်ပြေးနိုင်ဖို့ ချန်းယန်ပေးထားသည့် အကာအကွယ်‌မှော်ရတနာအား လက်လျော့ခဲ့ရသည် မဟုတ်ပါလား ။