Arc.2.12
6.1K 817 70
" တကယ် အဆင်ပြေရဲ့လား " ဝိုင်ခွက်အား လက်လှမ်းနေသည့် လုဖုန်းက မှုံကုတ်နေသည့် မျက်နှာဖြင့် ချင်ယွင်ချီ ကို ကြည့်လိုက်သည် ။ ရုတ်တရက် ကာကွယ်ခံရသည့် ခံစားချက်ကို ရလိုက်သဖြင့် သူက ချင်ယွင်ချီ၏ လက်နှစ်ဖက်ကို ကိုင်လိုက်ကာ ခပ်ဖွဖွ နမ်းလိုက်သည် ။
" ဒါပေါ့ .. မင်းရဲ့ ချစ်သူ အနေနဲ့ အရမ်းအားနည်းလို့ မဖြစ်ဘူးလေ "
ယန်မိသားစု သည် သူ့အစီအစဉ်တွင် ပါနေဆဲဖြစ်သဖြင့် ယန်ချင်းသည် အမှန်တကယ် မြေပြိုသည့်အရသာကို ခံစားရလိမ့်မည် ။ မုမိသားစု သည်တော့ သူက ချင်ယွင်ချီ ဖြေရှင်းဖို့သာ ထားလိုက်သည် ။
ချင်ယွင်ချီ က လုဖုန်းအား စူးစိုက်ကြည့်လိုက်ကာ " တကယ်တော့ .. အားနည်းနေလည်း ရတယ် .." ထက်မြတ်လွန်းသည့် သူကို အမြဲထိန်းသိမ်း၍မရ ကြောင်း သူ့ရှေ့တွင် ကျိုးယဲ့ဟန် က သက်သေပြသွားခဲ့ပြီးပြီ ဖြစ်သည် ။ သူ့အတွက် အင်အား မလုံလောက်ဟု ခံစားမိသည်မှာ ဒီလူကြောင့် ပထမဆုံးပင် ။ အထူးသဖြင့် လုဖုန်းသည် ယန်မိသားစုကိုပင် အလေးမထားကြောင်း သိရသည့်အချိန်တွင်ပင် ။ ဒီလူမှာ သူမသိသည့် လျို့ဝှက်ချက်များစွာ ရှိနေသေးသည် ။
ရုတ်တရက်ကြီး သူ့ဘဝထဲဝင်လာခဲ့ပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင်ရော ..။
လုဖုန်း၏ မထင်မှတ်ထားစွာ သူ့ဘဝထဲသို့ ဝင်ရောက်လာခြင်းသည် ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း ကံကောင်းမှုသည် ကြီးမားလွန်း၍ အစစ်အမှန် မဟုတ်ဟုပင် ခံစားမိလာသည်။
လုဖုန်းက အတွေးလွန်နေသည့် ချင်ယွင်ချီ ၏ နူတ်ခမ်းအား နမ်းလိုက်ကာ အသိဝင်စေလိုက်ပြီး နူးညံ့စွာ ပြုံးပြလိုက်သည် ။
_________________
" နည်းပညာ စိတ်ဝင်စားလို့လား " ရောက်လာသည့် ပစ္စည်းများကို ကြည့်ရင်း ချင်ယွင်ချီ က လုဖုန်းအား မေးလိုက်သည် ။ လုဖုန်းက စာဖတ်နေရာမှ မော့ကြည့်လိုက်ရင်း " အွန်း.. လေ့လာစရာလေး ရှိလို့ .. "
အရင်တစ်ခါ ဖြစ်ပြီးကတည်းက မပေါ်လာသည့် system ကြောင့် သူ့အတွက် အလွန်အေးအေးဆေးဆေး ဖြစ်နေခဲ့သည် ။ မရေရာသည့် မှတ်ဉာဏ်‌များအတွက် သူက ရှာဖွေစရာ ရှိနေသေးသည် ။ တစ်စုံတစ်ယောက်သည် သူ့အား အသုံးချစရာ ပစ္စည်းအဖြစ် အသုံးပြုချင်နေခဲ့ပါက ထိုသူကို အကျိုးဆက် ခံစားစေရမည် ။