Arc.1.4
10.3K 1.3K 53
သူတို့ မြင်လိုက်သည် က အနက်ရောင် ပုဝါ အုပ်ခံထားရသည့် ရွမ်းရီနဲ့ သူ့ရှေ့တွင် အပြုံးမပျက် ရပ်နေခဲ့သည့် ရှန်ယိ ကိုသာပင် ။
သို့သော် သူတို့အားလုံး၏ အကြည့်က မြေပြင်ထက်တွင် အသာကျနေသည့် ငွေရောင်မျက်နှာဖုံးကို တွေ့လိုက်သည့်အခါ ခေါင်းကို ပြန်ငုံ့လိုက်ကြသည် ။ အမတ်စုပင် ချက်ချင်း ဒူးထောက်ချကာ ခေါင်းငုံ့လိုက်သည် ။
လူသုံးယောက် သည်သာ အဖြစ်အပျက်အား ငေးမော၍ကောင်းတုန်း ဖြစ်နေခဲ့သည် ။ ရှဝေ့ယိ ၊ ပေရှီး နဲ့ စုမင်ဟွား သည် တစ်ဖက်တည်းတွင် ထိုင်နေကြသဖြင့် သူတို့ မြင်လိုက်ရသည့် မြင်ကွင်းသည် တစ်ခုတည်းသာ ။ ထိုသည်က ရွမ်းရီရဲ့ ချောမောခန့်ညားလှသည့် မျက်နှာလေးပင် ။
ထိုဖျတ်ခနဲ မြင်လိုက်ရသည့် မျက်နှာ ကပင် တစ်သက် မမေ့မရနိုင်အောင် ဖြစ်စေနိုင်လောက်သည် ။ ရှန်ယိက အလျင်အမြန်ပင် တုန့်ပြန်ခဲ့ခြင်းပင် ။
လက်သည်တရားခံ ဖြစ်သည့် ရှဝေ့ယိ သည် ဖြတ်ခနဲ မြင်လိုက်ရသည့် အလွန်တရာ ချောမော ခန့်ညားသည့် မျက်နှာကြောင့် ယခုထိ သတိမဝင်နိုင် ဖြစ်နေသည် ။ ပြင်းထန်လှသည့် ကန်ချက်ကြောင့် မြေပြင်ပေါ်သို့ ပစ်လှဲကျသွားချိန်မှသာ သတိဝင်လာတော့သည် ။
နောက်တစ်ကြိမ် ကြည့်မိလိုက်ချိန်တွင် ထိုမျက်နှာလေးသည် တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲတွင် ဖွက်ထားခြင်း ခံလိုက်ရပေပြီ ။
ရှန်ယိ က ကျသွားသည့် မျက်နှာဖုံး ကို ပြန်မကောက်ဘဲ သူ့ ရင်ဘတ်ထဲမှ ပုဝါ တစ်ခုကို ထုတ်ယူလိုက်ကာ မျက်နှာကို ကာပေးလိုက်သည် ။ ဒီလူသည် ကြိုးပြေသွားသည်ကို တမင် မသိချင်ယောင်ဆောင် နေခဲ့သည်ကို သိသော်လည်း ကာကွယ်ရမည်က မိမိတာဝန် ဖြစ်နေသည် မလား ။ ရှဝေ့ယိ မမြင်လိုက်သည်က တဖက်ခြမ်းတွင် လက်သုံးချောင်းစာခန့် ဓားအမာရွတ်တစ်ခု ရှိနေခဲ့သည်ကိုပင် ။ သူသည် ထိုသူရဲ့ ချောမောသည့် ဘက်ခြမ်းကိုသာ မြင်လိုက်ရခြင်းပင် ။
ရွမ်းရီ သည် သူ့ တုန့်ပြန်မှုကို မျှော်လင့်ထားသည့် ပုံမပေါ်ချေ ။ ပုဝါကို အသာထိန်းလျက် သူ့ထံသို့ မော့ကြည့်လာလေသည် ။ မျက်ဝန်းထဲတွင် အနည်းငယ် အံ့ဩမှု တို့ဖြတ်ပြေးသွားသည် ။