Arc.2.17
5.4K 777 87
" ဒါကို .. စီမံဌာနကို သွားပို့လိုက် " ချင်ယွင်ချီ က ရုပ်တည်ဖြင့် စာရွက်စာတမ်း အထပ်လိုက်ကို ချလိုက်ကာ ပြောလိုက်သည် ။ ပြီးနောက် သူက တစ်စုံတစ်ခုကို သတိရဟန်ဖြင့် " အို... ဒီနေ့ ဓာတ်လှေကား ပြင်နေတယ်.. လက်ထောက်ချန် က တတိယထပ်ကို လှေကားကတဆင့် သွားရလိမ့်မယ်.. " သူက ချန်ခယ့်၏ ပုခုံးအား အသာပုတ်လိုက်ကာ " ဒုက္ခခံလိုက်ပါဦး "
ချန်ခယ့် က နဖူးမှ ချွေးစေးများကို သုတ်လိုက်သည် ။ မနက်ကတည်းက သူ့မှာ ဟိုပြေးဒီပြေးဖြင့်လုပ်နေရသည် ။ သူက ချင်group ကို လက်ထောက်လာလုပ်တာ မဟုတ်ဘဲ တောက်တိုမရ လာလုပ်တာဟုပင် ထင်လာသည်အထိပင် ။
ချန်ခယ့်က သူ့မျက်နှာအား လက်ဖြင့် အသာသပ်ချလိုက်ကာ  " သူဌေး .. ကျွန်တော်က Mr. ချောင် မေးတာကို ဖြေပေးရုံပါဘဲ "
သူက အလွန်ကို သနားစရာပုံစံ လုပ်လိုက်ကာ " ကျွန်တော်က လုံးဝအပြစ်ကင်းပါတယ်ဗျာ "
ချင်ယွင် သည် ထူးမခြားနား ပုံစံဖြင့်သာ ရှိနေခဲ့ပြီး ချန်ခယ့်အား အလေ့မလုပ်ပေ ။ အဲ့ အဖြေလေးကြောင့် သူ့မှာ အလုပ်ပင် နားလိုက်ရသေးသည်မလား ။ သေချာတာပေါ့ သူက ချန်ခယ့် အပြစ်ကင်းကြောင်း သိသည် ။ သို့သော် လုဖုန်းအား ဘာမှမလုပ်နိုင်သဖြင့် ချန်ခယ့်အားအနိုင်ကျင့်နေခြင်း ဖြစ်သည် ။
ချန်ခယ့်က စာရွက်စာတမ်းများကို သယ်လိုက်ကာ မတရားခံရသည့် အမှုအရာဖြင့် လှေကားကို အသုံးပြုကာ သွားရတော့သည် ။ တစ်ဖက်တွင် သူက အလွန် အံ့ဩနေလေသည် ။ ဘယ်လိုလုပ် သူဌေးက အဖိခံနေရတာတုန်း ..။ သူသည် ကျောင်းကတည်းက ချင်ယွင်ချီ နဲ့ သူငယ်ချင်း ဖြစ်သဖြင့် ထိုသူသည် မည်သို့သော စရိုက်ရှိနေကြောင်း သိပေသည် ။ တစ်နေ့ ဒီလို အဖြစ်မျိုးကြားရလိမ့်မည်ဟု သူ့အား ရိုက်သတ်ရင်တောင် တွေးမိမည် မဟုတ်ပေ ။
" အို... လက်ထောက်ချန်ပါလား .. ဘာလို့ ဓာတ်လှေကားကနေ မသွားတာလဲ .."
ချန်ခယ့်က ဓာတ်လှေကား ထဲမှ ထွက်လာသည့် လုဖုန်းအား ကြည့်ကာ အရုပ်ဆိုးသွားသည် ။ 'ဘာလို့လဲ ဟုတ်လား  . ဘာလို့လဲ လို့ မေးရဲသေးတာလား ..ခများ.. ခများ မျက်နှာပြောင်လှချည်လား ' သူ့မှာ ဓာတ်လှေကားကောင်းနေမှန်းသိသော်လည်း လှေကားကိုသာ အသုံးပြုရဲသည် ။ မဟုတ်ရင် ဘာအပြစ်ရှာဦးမည် မသိသောကြောင့်ပင် ။