Arc.8.30.End
3.3K 455 69
" ရှီရှုံးရော ? " လော့ကျွင်းက လက်ထဲက အနီရောင်ကြိုးအား တစ်ချက်ကြည့်ရင်း ချန်းယင်အား မေးလိုက်သည် ။
" ဟင်? .. အာ မို့မျိုးနွယ်‌ကောင်နဲ့ တိုက်ခိုက်နေရင်း ရုတ်တရက်ကြီး ပျောက်သွားတယ် .." ‌ချန်းယင်၏ အဖြေကြားသည်နဲ့ လော့ကျွင်းက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ပြန်ဆုတ်ရန်ပြင်လိုက်သည် ။ သူသည် ချန်းယင်အား တခြားမေးခွန်းပေါင်းများစွာ မေးမည်မဟုတ်ပေ ။
ချန်းယင်သည် ထွက်ခွာရန်ပြင်နေသည် လော့ကျွင်းဘက်သို့ လှည့်လိုက်ကာ တွန့်ဆုတ်စွာနဲ့ ‌ခေါ်လိုက်သည်။ " ဒီမှာ ! "
လော့ကျွင်း၏ ခြေလှမ်းများက ရပ်တန့်သွားကာ ခေါင်းအသာစောင်းငဲ့လိုက်ပြီး " အွန်း " ဟု တစ်ချက်အသံပြုလိုက်သည် ။ သူ့မျက်ဝန်းများက ကြည်လင်နေကာ ခံစားချက်တစ်စုံတစ်ရာကို ရှာတွေ့ရန် ခက်ခဲလှသည် ။
" ငါ.. ငါ သူ့ကို သဘောကျတယ် .." ချန်းယင်က မျက်လုံးစုံမှိတ်လျက် ပြောလိုက်သည် ။ အဆုံးသတ်တွင် သူ့အသံက အနည်းငယ်တိုးညင်းနေသည် ။ သူက လော့ကျွင်း၏ ဒေါသတကြီး တုန့်ပြန်မှုကို မျှော်လင့်ထားသော်လည်း လော့ကျွင်းက သူ့အား မျက်လွှာအသာပင့်လိုက်ပြီး တစ်ချက်သာကြည့်လာသည် ။ 
" အင်း.. သူက သဘောကျစရာကောင်းမှန်း ငါသိတယ် .."
အခြားသူသဘောကျချင်စရာကောင်းအောင်နေတတ်တယ်လို့ ပြောရမလား ဒါမှမဟုတ် အခြားသူရဲ့ ခံစားချက်ကို လှည့်စားရာမှာ ကျွမ်းကျင်တယ်လို့ ပြောရမလား ။ ဘာဘဲဖြစ်ဖြစ် သူကြိုက်စေချင်တဲ့ သူကို ကြိုက်သွားအောင် နည်းမျိုးစုံနဲ့ လှည့်စားနိုင်နေတာဘဲလေ ။
ချန်းယင် လော့ကျွင်းအား မော့ကြည့်လိုက်ပြီး " သူနဲ့ အတူနေရတာ ပျော်စရာကောင်းလား .."
လော့ကျွင်း ချန်းယင်၏ စိတ်အား မဖတ်နိုင်သော်လည်း အမှုအရာအရ သူတို့အား မ‌ပျော်ရွင်စေချင်နေဘူးဆိုတာတော့ သေချာသိနေသည် ။ သူ့မျက်ဝန်းများတွင် အေးစက်စက် အလင်းတစ်ချက်လက်သွားပြီး ဝတ်ရုံလက်စအား ခါလိုက်သည် ။ "‌ဘဝကြီးက ပျော်စရာကောင်းမနေရင်တောင် ငါတို့က အတူရှိနေဦးမှာ .. "