Arc.7.11
2.7K 456 17
တီ!!! တီ!!! တီ!!!
အဆက်မပြတ်အသိပေးသံကြောင့် Liam က ဖန်သားပြင် စားပွဲအား လက်ချောင်းဖြင့် ထိလိုက်သည် ။ မော်နီတာ သဏ္ဍာန် ဘောင်ကွက်တစ်ခုနဲ့အတူ 3 D ရုပ်ကြွ တစ်ခု ပေါ်လာခဲ့သည် ။
" Liam .. မြူဂြိုလ်က .. ကမ္ဘာဂြိုလ်ကို တိုက်ခိုက်ဖို့ အစီအစဉ်ဆွဲနေတယ် .. မင်းသွားဖို့ လိုလိမ့်မယ် .." ဩဇာ အပြည့်ဖြင့် လွမ်းမိုးနိုင်စွမ်းရှိသည့် အသံနဲ့ အတူ ပုံရိပ်တစ်ခုသည် ရုပ်လုံးပေါ်လာခဲ့သည် ။ ‌
နီညိုရောင် ဆံပင်များနဲ့ လူတစ်ယောက် ။ သိမ်းငှက်ကဲ့သို့ စူးရှသည့် အကြည့်များနဲ့ ခပ်တင်းတင်းစေ့ထားသည့် နူတ်ခမ်းတစ်စုံ သည် ချောမောသည့် မျက်နှာထက်တွင် အချိုးအစားကျစွာ ရှိနေခဲ့သည် ။ ခုံတစ်ခုပေါ်တွင် ထိုင်နေပုံရသည့် ထိုသူသည် လက်နှစ်ဘက်ကို ယှက်ဖြာလျက် အလေးအနက် ပြောနေခဲ့သည် ။
ထိုသူသည် ကိုင်းရာ အဖွဲ့အစည်း၏ လက်ရှိခေါင်းဆောင် ရိုဟန် ဖြစ်သည် ။ Liam သည် အမှုအရာ မပြောင်းလဲ ခဲ့ဘဲ ခေါင်းတစ်ချက် ညိတ်လိုက်ကာ " ဘယ်အချိန်လဲ .."
" နောက်တစ်နာရီ !! "
အလွန်မြန်လွန်းသည့် အချိန်ကြောင့် Liam က တစ်ချက် အံ့ဩသွားသည် ။ သူက မြေအောက်ခန်းရှိရာ ဘက်သို့ ကြည့်လိုက်ပြီးမှ " ကောင်းပြီ "
" လူသားမျိုးနွယ် ရဲ့ အတွင်းရေးက မတည်ငြိမ်ဘူး .. သတိထား .. " ရိုဟန် က ခဏတိတ်ဆိတ်နေပြီးမှ သတိပေးလိုက်သည် ။ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် Liam က လက်ထောက်အား သတိပေးလိုက်ပြီး စထွက်ရန် ပြင်ဆင်တော့သည် ။ သူက ခနမျှ စဉ်းစားပြီးနောက် ခလုတ်တစ်ခုအား ဖိထားလိုက်ပြီး " မစ်ရှင် ပေါ်လာလို့ .. အချိန်ဘယ်လောက်ကြာမလဲ မသိရသေးဘူး .. ကောင်းကောင်းနေ.. ပြဿနာမရှာနဲ့ .." ဟု ပြောလိုက်ပြီး အသံသွင်းထားကာ ထွက်သွားလိုက်တော့သည် ။
****
တိုက်ခိုက်ရေး ယာဉ်ပျံများ ရာချီသည် ကမ္ဘာမြေပြင်ပေါ်မှ စတင်ထွက်ခွာလာခဲ့ပြီး ကြယ်တာယာတိုက်ပွဲကြီး စတင်လာခဲ့သည် ။ အဓိက ယာဉ်ပျံ၏ ထိန်းချုပ်ရေးခန်းထဲတွင် Liam သည် အနက်ရောင်ရှိသည့် စစ်တပ်ဝတ်စုံအား သေသပ်စွာ ဝတ်ထားကာ ဖန်သားပြင်ကို ကြည့်နေခဲ့သည် ။