Arc.5.13
3.6K 654 75
Real World /
" မဖြစ်နိုင်ဘူး !!! နောက်ထပ် အချိန်နည်းနည်း‌စောင့်ပြီးရင် ပါမောက္ခရှန်း နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တော့မှာ ... " ယာဉ်ပျံထဲရှိ အဓိက ထိန်းချုပ်ခန်းတွက် အယ်လ်က မျက်နှာပျက်ယွင်းစွာ ပြောလိုက်သည် ။
" အချိန်နည်းနည်း .. ဟက်.. အယ်လ် မင်းရဲ့ အချိန်နည်းနည်းက ဘယ်လောက်လဲ ဆယ်နှစ် ၊ နှစ်တစ်ရာ ၊ အဲ့အချိန်ထိလား ... အဲ့အချိန်ဆို လူသားတွေ တစ်ယောက်တောင် ရှိဦးမလား .. မသေချာဘူး " အယ်လ်က သူ့ကို လှောင်ပြောင်တဲ့ စကားတွေကို မထုံတက်သေး အမှုအရာဖြင့် ပြန်ကြည့်လိုက်သည် ။ လူငယ်လေး၏ မျက်လုံးထဲတွင် ဖိနှိပ်ထားသော ဒေါသတချို့ ရှိနေခဲ့သည် ။
အယ်လ်က မတုန့်ပြန်သည့် အချိန်တွင် တဖက်လူက ပိုမို ရဲတင်းလာခဲ့သည် ။ ထိုလူက တခန်းလုံး နေရာအပြည့် ယူထားသည့် စခရင် ကြီးကို လက်ညိုးထိုးပြလိုက်သည်။  " မင်းကြည့် .. မင်းရဲ့ မျှော်လင့်ချက်ကြီးက .. အဲ့ထဲက ထွက်လာဖို့ စိတ်ကူးထားပုံတောင် မပေါ်တော့ဘူး .. အရင်နှစ်ကထက်စာရင် သူ့ရဲ့ အသက်ရှင်ချင်စိတ်ကို တိုင်းတာထားတဲ့ ရာခိုင်နှုန်းက ပိုနည်းသွားတယ်ဆိုတာ.. မင်းကန်းမနေရင် တွေ့တယ် .."
" system နဲ့ ချိတ်ဆက်ထားတဲ့ နေရာလဲ ပိုအားနည်းလာနေတယ်...အချိန်မရွေး အချိတ်အဆက်က ပြတ်တောက်သွားနိုင်တယ်... အယ်လ် မင်းနဲ့အတူ ငါတို့ကို သေဖို့ ဆွဲခေါ်နေတာလား !!!! "
သူ့ရဲ့ လေသံက အနည်းငယ်ပျော့သွားကာ ချော့မော့သည့်ဟန်ဖြင့် " အယ်လ်.. ပုံစံငယ်ကို လွဲပေးလိုက်.. ငါတို့က သီးသန့် စမ်းသပ်ပြီး .. အခြားနည်းလမ်းရှာကြမယ်.. "
အယ်လ်က မတုန်မလှုပ်အမှုအရာဖြင့် ရပ်နေခဲ့ပြီး မည်သည့် တုန့်ပြန်မှုမှ မပြောသဖြင့် အခန်းသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည် ။ သူက ခေါင်းထဲတွင် အချက်အလက်များစွာ တွက်ချက်နေပြီး ဆုံးဖြတ်ချက်ချနေသည် ။ အယ်လ် က သူ့ရဲ့ လက်ကောက်ဝတ်ကို အသာလှုပ်ရှားရင်း မထီပြုံးပြုံးလိုက်သည် ။
" ငါ မပေးနိုင်ဘူး .. " သူက မျက်ခုံးအသာပင့်လိုက်ပြီး " ပထမတစ်ချက်.. ပုံစံငယ် က ပါမောက္ခရှန်း ငါ့ကို အပ်ခဲ့တာ .. လက်လွတ်စပယ် မပေးနိုင်ဘူး .. "