Arc.7.10
2.9K 508 47
လော့ သည် ဆက်သွယ်မှုအား ပိတ်ချလိုက်ပြီး မျက်နှာအား လက်နှစ်ဖက်ဖြင့် အုပ်လိုက်ကာ မျက်ရည်များကို ဖုံးကွယ်လိုက်သည် ။ ခေါင်းငုံ့ထားခဲ့ပြီး ခပ်သဲ့သဲ့ အသံသာ ထွက်လာသော်လည်း တသိမ့်သိမ့်တုန်ယင်နေသည့် ပုခုံးများက မည်မျှသည်းထန်စွာ ငိုကြွေးနေသည်ကို သက်သေပြလျက် ။
" သူ့ကို ကူညီပေးနိုင်မလား .." Liam က ခရော့စ်အား ငုံ့ကြည့်လိုက်ကာ ပြောလိုက်သည် ။ သူသည် ခရော့စ်ကဲ့သို့ ကူးပြောင်းနိုင်သူမဟုတ်သဖြင့် သူသည် ကလေးဘဝက စတင်ကာ ဖြတ်သန်းရသည် ။ လော့သည် သူ၏ သူငယ်ချင်းကောင်း ဖြစ်သည်မှာ ပြောစရာမလိုခဲ့ပေ ။ Liam သည် လော့ အား တစ်ချက်ကြည့်ကာ ခရော့စ်အား " မင်းက မျိုးရိုးဗီဇ မှာလဲ ကျွမ်းကျင်တာ .. သိတယ် .."
" အဲ .. မျိုးရိုးဗီဇ လို့ ကြားလိုက်သလိုဘဲ .."
ရုတ်တရက် ခေါင်းမော့လာသည့် လော့သည် ငိုထားခြင်းကြောင့် မျက်လုံးများ နီရဲနေသော်လည်း စူးစမ်းလိုစိတ် အပြည့်ဖြစ်နေခဲ့သည် ။ Liam နဲ့ ခရော့စ်သည် အချင်းချင်း ပြန်ကြည့်လိုက်ကာ ရယ်ရမလို ငိုရမလို အခြေအနေထိ ရောက်သွားခဲ့သည် ။
" ခများလိုဘဲ .. သူက စူးစမ်းမှုတွေကို ကြိုက်နှစ်သက်တဲ့ အရူး .." ခပ်ဟဟရယ်ရင်း လွှတ်ခနဲ ပြောလာစကားများက ခရော့စ်အား စက္ကန့်ဝက်လောက် အေးခဲသွားစေခဲ့သော်လည်း ဘယ်သူမှ သတိမထားမိလိုက်ကြပေ ။ ခရော့စ် သည် ခပ်ဖွဖွ ပြုံးလျက် ခြေနှစ်ချောင်းအား ဆိုဖာ နောက်မှီထံသို့ တင်လိုက်ပြီး လော့ အား ကြည့်လိုက်သည် ။ " နောက်ထပ် နှစ်ရက်နေရင် ပြန်လာခဲ့ .. မင်းရဲ့ တောင်းဆိုချက်အတိုင်း လိုက်မလုပ်‌ပေးနိုင်ပေမဲ့ .. နောက်ဆုံး ရလဒ်က အတူတူဘဲ ..အိုကေနော်..."
လော့ သည် ခေါင်းအသာညိတ်လျက် နူးညံ့စွာ ပြုံးလိုက်သည်။ " ကောင်းပါပြီ .. ကျေးဇူးတင်ပါတယ် .." မွေးရာပါ လှပသည့် Omgea တစ်ယောက်ဖြစ်သည့်အပြင် မိသားစုမှာလဲ အထက်တန်းကျသဖြင့် လော့ ၏ အပြုအမှု တစ်ခုစီတိုင်းက ‌သဘာဝကျစွာ လှပကျော့ရှင်းလှသည် ။ မြင့်မားသည့် ဉာဏ်ရည်ဖြင့် တီထွင်နိုင်စွမ်း များကလည်း ထိပ်တန်းအဆင့်ဖြစ်သည် ။ ဟီရုန်သည် အဖွဲ့အစည်းတစ်ခု၏ ဗိုလ်ချုပ်ကြီး ဖြစ်သော်ငြား ထိုအဖွဲ့အစည်းက အခုမှ ဖွံ့ဖြိုးကာစ အခြေအနေတွင် ရှိနေသေးသည် ။ လော့ ကဲ့သို့ တွဲဖက်တစ်ယောက်က သေချာပေါက် ဟီရုန်၏ အခက်အခဲများကို သက်သာသွားစေနိုင်သည် ။