Arc.2.5
6.8K 922 49
လုဖုန်း ၏ အလျင်စလိုခြေလှမ်းများသည် တစ်စုံတစ်ယောက်၏ တားဆီးမှုကြောင့် ရပ်တန့်သွားခဲ့သည် ။ သူက လက်အား ဆုပ်ကိုင်ထားခဲ့သည့် ယဲ့ဟန် အား ကြည့်လိုက်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်‌ဝှေ့ကြည့်လိုက်သည် ။
ပါတီပွဲတွင် ကျိုးယဲ့ဟန်သည် အဓိကလူဖြစ်သဖြင့် သူသည် အားလုံး၏ အာရုံစိုက်ရာပင် ။ သူ၏ လှုပ်ရှားမှုကြောင့် လူတိုင်းက စိတ်ဝင်စားလာကာ သူတို့အား လှည့်ကြည့်လာကြသည် ။ လုဖုန်း ၏ နဖူးကြောများ တွန့်သွားခဲ့ကာ " ပြဿနာ မရှာနဲ့ " ဟု အနားကပ်လိုက်ရင်း တီးတိုးပြောလိုက်သည် ။ လက်ရှိ သူတို့ပုံစံက အချိန်မရွေး ရန်ထဖြစ်တော့မည့် သူတွေ‌နဲ့ တူနေခဲ့သည် ။ လုဖုန်းနဲ့ ကျိုးယဲ့ဟန် ၏ ခက်ထန်သည့် ဆက်ဆံရေးကို သိသည့် လူများသည် သေချာကြည့်ရန် ထိုင်နေရာမှပင် ထလာခဲ့ကြလေသည် ။
" ကိုကို !! " ယဲ့ဟန် ၏ ရုတ်တရက် အခေါ်ဝေါ်ကြောင့် လုဖုန်း၏ အမှုအရာက တောင့်တင်းသွားကာ ယဲ့ဟန်အား အထူးအဆန်းကြည့်လိုက်လေသည် ။
ထိုအခေါ်အ‌ဝေါ်သည် ကျိုးယဲ့ဟန် နိုင်ငံခြားမသွားခင်က ချောင်လုဖုန်းအား အမြဲခေါ်ခဲ့ခြင်းဖြစ်သော်လည်း ပြန်လာသည့်အချိန်တွင် ရန်သူအလားဖြစ်နေကြသဖြင့် စနစ်ကပေးသည့် အချက်အလက်များတွင်ပင် ဖော်ပြထားခဲ့ခြင်းမရှိချေ ။ သူတောင် လုဖုန်း၏ ‌တစ်ပိုင်းတစ်စ မှတ်ဉာဏ်ရထားခဲ့သောကြောင့် သိခဲ့ရခြင်း ။
လုဖုန်းက အဝေးကိုကြည့်နေရာမှ ယဲ့ဟန်ကို ပြန်လှည့်ကြည့်လိုက်ပြီး သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်သည် ။
ကျိုးယဲ့ဟန် က အားတင်းကာ ပြုံးလိုက်သော်လည်း သူ့အပြုံးက အတော်လေးပျက်ယွင်းနေခဲ့သည် ။ သူသာ အခုချိန် ဒီလူကို မဆွဲထားခဲ့လျှင် တစ်သက်လုံး ပိုင်ဆိုင်ရတော့မည် မဟုတ်ဟု ခံစား‌မိနေခဲ့သည် ။
" ကိုကို ကသာ ပြဿနာရှာချင်နေတာ မဟုတ်ဘူးလား " သူက လုဖုန်း၏ အကြည့်များ၏ ဦးတည်ရာသို့ မှေးငေါ့ပြလိုက်သည် ။ ထိုနေရာတွင် ထိုင်နေခဲ့သည့် လူများသည် တစ်စုံတစ်ယောက်မှ လွဲလို့ ကျန်သည့် လူတိုင်း၏ အမှုအရာကို ကြည့်လိုက်သည်နဲ့ ကြီးမားသည့် ဖိအားကို ခံစားရသည့်အလား ဖြစ်နေကြသည် ။