Arc.3.19
4.3K 635 143
ပိုင်ရီက တိတ်ဆိတ်ကာ အေးချမ်းပုံရသည့် စားသောက်ဆိုင်၏ တောင့်တစ်နေရာတွင်ဝင်ထိုင်လိုက်သည် ။ မည်သူမှကြိုမရောက်သေးသောကြောင့် အနည်းငယ်စိတ်သက်သာရာရသွားသည် ။ သူက အလုပ်များ အပြီးဖြတ်နေရခြင်းကြောင့် ကုချန်နဲ့ ချိန်းထားခြင်းကို နောက်ကျသွားမည် စိုးရိမ်နေခဲ့ခြင်း။
အတန်ကြာအထိ မရောက်လာသေးသည့်သူကြောင့် ဖုန်းဆက်ရန် ပြင်လိုက်သည့်အချိန်တွင် သူ့အရှေ့သို့ လာရပ်သည့်သူကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားခဲ့သည် ။
" ထွက်သွားစမ်း!!!! " ကုရှင်းကြောင့် သူနဲ့ ကုချန်နဲ့ အထင်အမြင်လွဲခဲ့ရခြင်းအား အခဲမကျေသေးခင် ဒီမိန်းကလေးက ထပ်ရောက်လာပြန်သည်။ သူမ ရောက်လာရင် ဘယ်တော့ ကောင်းတဲ့အရာ သယ်လာမည်မဟုတ်ကြောင်း သိနေသဖြင့် မောင်းထုတ်လိုက်သည် ။
ကုရှင်းက ပိုင်ရီအား ပိုလို့ပင် မကျေမနပ်ဖြစ်နေပြီး ကုချန်အား မုန်းတီးနေလေသည် ။ သူမရဲ့ အရင်စကားများအား လေကဲ့သို့သာ သဘောထားခဲ့ပြီး ထိုနှစ်ယောက်က အပြုံးပင်မပျက်ချေ ။ ထိုအချိန်တွင် သူမနဲ့ ရှုမင်ရန်၏ ဆက်ဆံရေးသည် တဖြည်းဖြည်းဝေးကွာလာခဲ့လေသည် ။ ကုချန်နဲ့ ပိုင်ရီ၏ ပျော်ရွင်နေပုံကိုမြင်ရလေလေ သူမ ခံစားရလေဖြစ်ကာ ထိုခံစားချက်အား မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ချေ ။ ရှုမင်ရန်၏ အာရုံများသည် ကုချန်ထံသို့ ရောက်သွားသည်ကို သိရှိလိုက်ချိန် သူမရင်တစ်ခုလုံး စုတ်ပြတ်သတ်တော့မလိုပင် ။
" ဟမ့်.. ပိုင်သခင်လေးက အလိမ်ခံရတဲ့အရသာကို တော်တော်နှစ်ခြိုက်နေတော့ ကျွန်မက ဘာထပ်ပြောနိုင်မှာလဲ .. " သူက ကုချန် ရှုမင်ရန်၏ကားထဲသို့ ဝင်သွားသည့် ပုံကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည် ။
ပိုင်ရီ၏ အကြည့်များက အေးစက်သွားကာ ကုရှင်းအား သတ်ဖြတ်ချင်သည့် အကြည့်ဖြင့်စူးစိုက်ကြည့်လိုက်သည် ။
ကုရှင်းသည် သူမ၏ အမှုအရာအား အသဲကွဲသည့် မိန်းကလေးပုံစံပြုလုပ်ကာ မျက်ဝန်းများက ညို့မှိုင်းသွားသည် ။ " တကယ်တော့ ကျွန်မတို့က ဘဝတူတွေပါ ... ကျွန်မလဲ သစ္စာဖောက်ခံရတာ မလား .."