Arc.7.13
2.8K 469 28
အာကာသတိုက်ပွဲထဲတွင် ဖြစ်ပျက်နေသည်များကို ခရော့စ်က မသိခဲ့ပေ ။ သူသိသည်က သူ့ထွက်လာသည့် အချိန်တွင် Liam ပျောက်သွားခြင်းသာ ။ Liam အသံသွင်းထားခဲ့ဖို့ တွေးမိခြင်းက တနည်းကံကောင်းသွားခဲ့သည် ။ မဟုတ်လျှင် ခေါင်းဆောင်ရော .. ကွန်မန်ဒါ‌ရော မရှိသည့် ကိုင်းရာ အဖွဲ့အစည်းအား သူက မြေလှန်ပစ်ဖို့ တွေးထားပြီး ဖြစ်သည် ။
" လူသားမျိုးနွယ် ဒုက္ခရောက်နေတာလေ .. မင်းတို့က ဘာဖြစ်လို့ မကူတာလဲ .. သွား အခုချက်ချင်း သွားဖို့ ပြင်တော့ .." ယခင်က လူနှစ်ဆယ်သာရှိသည့် အဖွဲ့လေးသည် လက်ရှိတွင် အဖွဲ့ဝင်ပေါင်း ထောင်ချီ ရှိနေပြီ ဖြစ်သည့် အဖွဲ့တစ်ခု ဖြစ်နေပြီ ဖြစ်သည် ။ ဒါ့အပြင် အဖွဲ့ဝင်တိုင်းသည် ဗိုလ်ချုပ်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားကြသည် ။ ထိုအင်အားက နောက်စရာမဟုတ်ပေ ။
ခရော့စ်သည် စစ်တပ် ယူနီဖောင်းအား ဝတ်ဆင်ထားခဲ့ခြင်း မရှိပေ ။ သူသည် သာမန် အဖြူနဲ့အနက် ဝတ်စုံကိုသာ အနက်ရောင် ခါးပတ်ဖြင့် ဝတ်ထားခဲ့သည် ။ အနက်ထဲတွင် ရွှေအိုရောင်သန်းနေသည့် ဆံပင်များကို သပ်တင်ရင်း ယာဉ်ပျံပေါ်သို့ တက်သွားပုံက သရုပ်ဆောင်ဖို့သွားမည့် actor တစ်ယောက်နှယ် ..။
စစ်သားများသည် သူတို့ ခေါင်းဆောင်အား ကြည့်ရင်း စကားတစ်ခွန်းအား နှလုံးသွင်းနေရသည် ။
ငါတို့က စစ်တိုက်သွားမှာ ..
ငါတို့က စစ်တိုက်သွားမှာ ..
ငါတို့က စစ်တိုက်သွားမှာ...
**
" သူက ငါ့ရဲ့ အမှတ်အသားကို သယ်ဆောင်ထားတဲ့ Omgea နော် .. မင်းတို့ လုပ်နေတာ ဥပဒေနဲ့ မညီဘူး " ဟီရုန် က ရိုဟန်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည် ။ လော့သည် လက်ရှိတွင် ဆေးထိုးလိုက်ပြီ ဖြစ်ကာ ငြိမ်ကျသွားပြီဖြစ်သည် ။ ရည်းစားလုခံလိုက်ရသည့် ပုံစံပေါက်နေသည့် ဟီရုန်ကို ကြည့်ရင်း ရိုဟန် ၏ မျက်ဝန်းများက မှေးကျဉ်းသွားသည် ။
" ငါက မင်းတို့ရဲ့ ဘာဆက်ဆံရေးကိုမှ စိတ်မဝင်စားဘူး ... တိုက်ပွဲကို အနှောက်အယှက် ဖြစ်စေတဲ့ သူက အပြစ်ပေးခံရမယ် .. " သူက လှဲကျနေသည့် ဟီရုန်၏ ရင်ဘတ်‌ပေါ် သို့ ခြေထောက် တင်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည် ။  " Omgea ဟော်မုန်းတွေ ပျံ့နှံ့သွားရင် ယာဉ်ပေါ်မှာရှိတဲ့ Alpha တွေ ထိန်းချုပ်မှု လွတ်ကုန်လိမ့်မယ် .. အဲ့ဒီ အခြေခံ သဘောထားလေးတောင် မသိရလောက်အောင် .. အ နေတာလား .. "