Arc.5.14
3.6K 655 101
/ သတိပေးချက်!!!! အချက်အလက်များ ရယူနေပါသည်.. /
အသိစိတ်ဝေဝါးနေသည့် အန်းဇယ်ရီက ရုတ်တရက် ထွက်လာသည့် အသံကြောင့်
"" အချက်အလက်... ဘာအချက်အလက်တွေ ရှိသေးလို့လဲ .. ဇာတ်ကြောင်း အကုန်လုံး ငါရပြီးပြီ မဟုတ် .. အားးးး."" သူ့ခေါင်းထဲသို့ စုပြုံဝင်လာသည့် အချက်အလက်များကြောင့် နာကျင်စွာ ငြီးငြူလိုက်သည် ။ သူ့ခေါင်းအား တူနဲ့ အဆက်မပြတ် အားပြင်းပြင်း ထုနေသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်မှုက အဆုံးမရှိပေ ။
အား!!! သေစမ်း!!!
ရုတ်တရက် ထအော်သည့် အန်းဇယ်ရီကြောင့် လင်းယွီ့က လန့်ဖြတ်သွားသည် ။ " ဝမ်ရယ်!!! ဝမ်ရယ်!!! အဆင်ပြေရဲ့လား .. လာကြစမ်း!!! သမားတော် သွားခေါ်!! အခုချက်ချင်း!!.." လက်ရှိ သူတို့က ဝမ်ရယ် အိမ်တော်တွင် ရောက်ရှိနေပြီ ဖြစ်ကာ သမားတော်က အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည် ။
ကုတင်ပေါ်တွင် အန်းဇယ်ရီသည် မျက်လုံးများကို တင်းတင်းကြပ်ကြပ်ပိတ်ထားခဲ့သည် ။ သူရဲ့ မျက်ခုံးများက အလွန်အမင်း တွန့်ချိုးထားသဖြင့် ထိစပ်လုနီးပါးဖြစ်နေသည် ။ အပြင်ဘက်တွင် ရာသီဥတုက အလွန်အေးနေသော်လည်း ထိုသူ၏ နဖူးပေါ်တွင် ချွေးစက်များက ရေလောင်းချလိုက်သလို စီးကျနေသည် ။ သတိပြန်ရရန် ရုန်းကန်နေရသကဲ့သို့ အခြေအနေကြောင့် သမားတော်မှာလဲ ချွေးပြန်နေသည် ။
ဝမ်ရယ်သည် ပြင်းထန်‌စွာ ခေါင်းကိုက်နေကြောင်း သိနိုင်သော်လည်း သူက ဘာကြောင့်ဖြစ်သလဲ အဖြေရှာလို့မရချေ ။ ဝမ်ရယ် အိမ်တော်တစ်ခုလုံး လုံးဝယောက်ယှက်ခတ်နေခဲ့ပြီး လေထုပင် လေးလံလာခဲ့သည် ။
ထိုအခြေအနေသည် တစ်ရက်နဲ့ မပြီးဆုံးသွားခဲ့ပေ ။ နာကျင်စွာ အော်ဟစ်နေသည့် အသံက ရပ်တန့်သွားသော်လည်း ချီဝမ်ရယ်သည် သတိပြန်လည်လာခဲ့ခြင်း မရှိတော့ချေ ။ အားနည်းသည့် နှလုံးခုန်သံနဲ့ တိုးညင်းသည့် အသက်ရှုသံသာ မရှိပါက သူ့အား လုံးဝ သေဆုံးသွားပြီဟု မှတ်ယူမိပေတော့မည်။ လက်ရှိအခြေအနေမှာလဲ သေဆုံးသည်နဲ့ မခြားတော့ပေ။
ထိုသတင်းက အားလုံးကို တုန်လှုပ်သွားစေခဲ့ပြီး မယုံကြည်နိုင်ဖြစ်သွားစေသည် ။ မနေ့ကမှ အကောင်းတိုင်းရှိနေသည့် လူတစ်ယောက်က ညတွင်းချင်း လူသေတစ်ယောက်လို ဖြစ်သွားခြင်းသည် .. လူတစ်ယောက်၏ကံကြမ္မာ သည် ခန့်မှန်းလို့ မရဟုသည့် သဘောကို လက်ခံရမလိုပင် ။