Arc.2.3
6.8K 919 33
လုဖုန်းက system ၏ လူမသတ်ရ ဟု ‌သတိပေးချက်အား လစ်လျုရှုကာ ကျိုးယဲ့ဟန် ကို ကျော်ကြည့်လိုက်သည် ။ ကျိုးယဲ့ဟန် ၏ အနောက်တွင် ရပ်နေသည့် ကွေ့လန်အာ ၏ မျက်နှာထက်တွင် မသက်သာသည့် အမှုအရာပေါ်လာကာ ကျိုးယဲ့ဟန်၏ အင်္ကျီအား အသာဆွဲလိုက်သည် ။
လုဖုန်းက နူတ်ခမ်းတွန့်ရုံပြုံးလိုက်ကာ ကျိုးယဲ့ဟန်ထံသို့ ဦးတည်လာခဲ့သည်။  သူ့အကြည့်က ကျိုးယဲ့ဟန်အပေါ်တွင် ရှိ‌မနေခဲ့ပေ။
" ကျွန်မ ရှင့်ကို မကြိုက်တော့ဘူးလို့ ပြောထားပြီးသား " ကွေ့လန်အာ က အရှုံးမပေးသည့် ပုံစံဖြင့် ပြောလိုက်သည် ။ သူမ၏ မသက်မသာ ခံစားရသည့် ပုံစံကပင် အတော်လေး လှပနေခဲ့ကာ ယောင်္ကျားလေးတိုင်းကို ကာကွယ်ပေးချင်သည့် စိတ်ကို နိုးဆွပေးနိုင်စေသည် ။
လုဖုန်း က ကွေ့လန်အာ ကို ကျော်သွားပြီး သူမအနောက်တွင် ရပ်နေသည့် အစောင့်ထံသို့ ရောက်သွားခဲ့သည်။ သူက အသေအချာကြည့်လိုက်ပြီး ခေါင်းတစ်ချက်ငြိမ့်လိုက်ကာ စတင်ထိုးနှက်တော့သည် ။ သေချာပေါက်ပင် ထိုသူက သူဒီရောက်ရောက်ချင်း သူ့အား ရိုက်နှက်ခဲ့သည့် အစောင့်ဖြစ်လေသည် ။
သူက သိုင်းပညာကို သုံးမရသော်လည်း လှုပ်ရှားမှုတချို့တော့ ပြုလုပ်နိုင်ခဲ့သေးသည် ။ ထိုသည်ကပင် အရင်လို စစ်တပ်တစ်ခုလုံးနဲ့ မရင်ဆိုင်နိုင်သော်လည်း ဒီလူလေးတွေလောက်တော့ ကိုင်တွယ်နိုင်သေးသည်။ အစောင့်သည် ခုခံရုံသာ တတ်နိုင်ခဲ့သည်။  လုဖုန်းက နောက်ဆုံးတစ်ချက် ပိတ်ကန်လိုက်ပြီး မျက်မှန်ကို အသာပင့်တင်လိုက်ကာ ကားဂိုထောင်ထံသို့ ဦးတည်‌လိုက်လေသည် ။
ကျိုးယဲ့ဟန် သည် လုဖုန်း၏ ရိုက်ချက်များကြောင့် အရင်က သူ့အပေါ်တွင် လုပ်ခဲ့သည့် နှိပ်စက်မှုများကို သတိပြန်ရလိုက်ပြီး ကြက်သေသေသွားသည် ။ သူသတိပြန်ဝင်လာချိန်တွင် အနက်ရောင်ကားတစ်စီးသည် ဂိုထောင်မှ အေးဆေးသက်သာစွာ ထွက်သွားခဲ့ပေပြီ ။
" အလကား .. ဟန်ဆောင်နေတာ " ကွေ့လန်အာ က နှာခေါင်းရှုံလိုက်ကာ အထင်တသေးရေရွတ်လိုက်သည် ။ အရင်ရက်အနည်းငယ်ကမှ သူမနဲ့ ပြန်တွဲဖို့ အသည်းအသန်ကြိုးစားနေသည့် သူက ဒီလိုပြောင်းလဲသွားခြင်းက အတော်လေး မယုံကြည်နိုင်စရာပင်။  လုဖုန်းသည် သူမရဲ့ ဂရုစိုက်မှုကိုရဖို့ နည်းလမ်းပြောင်းလိုက်တာ ဟုသာ မှတ်ယူလိုက်သည် ။