Arc.8.3
3.1K 510 65
မို့ယောင်နဲ့ တိုက်ပွဲတွင် သူသည် တုံ့ပြန်ဖို့ပင် အချိန်မရခဲ့ဘဲ ရိုက်နှက်ခံရသည့်အပြင် ထူးဆန်းသည့် အားတစ်ခုကြောင့် မျက်စိပါ ကွယ်ခဲ့ရသည် ။ သူ့မျက်စိအား ကုပေးနိုင်သည့် ဆေး တစ်မျိုး ရှိသော်လည်း အဓိက ဆေးအမယ်မှာ မို့ယောင် ထံတွင်သာ ရှိ‌သည် ။ ချန်းယန် ၏ ဆရာတူ ညီလေးသည် ထိုအမယ်ကို ရရန် မို့ယောင်အား စိန်ခေါ်ရာတွင် အသက်ပေးခဲ့ရကြောင်း စာတစ်ကြောင်းထဲဖြင့် ဖော်ပြထားခဲ့သည် ။
" ချန်းယန် ‌တောင် ရက်ရက်စက်စက် အရိုက်ခံရတဲ့ဟာကို .. Tsk .. ဒီဆရာတူညီလေးက ငတုံးဘဲ ဖြစ်လိမ့်မယ် "
/ သခင်ရဲ့ စိတ်စွမ်းအင်က အရမ်းအားနည်းတာမို့ .. ဒီလို အားနည်းနေတဲ့ ဇာတ်ကောင်ထဲကို ဝင်ဖို့ဘဲ တတ်နိုင်တယ် / ရှောင်ထျန်းက သူ့အား အပြစ်တင်မည်စိုး၍ ကြိုပိတ်ထားလိုက်သည် ။ ချန်းယန်က လက်ကို စိတ်မပါစွာ ခါလိုက်ရာ  နာကျင်မှုကြောင့် တစ်ချက်ငြီးငြူလိုက်ရသည်။ 
"" ငါ့မျက်လုံး ""
/ သခင် .. ဝင်ရောက်ကတည်းက ပြုပြင်ပြီးပါပြီ ..ဒီကိစ္စက မူလဇာတ်ကြောင်းကို ပြင်လိုက်တာ ဖြစ်တဲ့အတွက် အချိန်ယူရပါလိမ့်မယ် .. ပြန်ကောင်းမှာ သေချာပေမဲ့ အချိန်တစ်ခုတော့ ကြာပါလိမ့်မယ် .. အဲ့အတောအတွင်း သာမန်နည်းလမ်းအတိုင်း ဆေးကုမယ်ဆိုရင်တော့ ပိုမြန်မြန် ပျောက်ပါလိမ့်မယ် /
" ဒါဆို မျက်ကန်းရဲ့ အတွေ့အကြုံကို ခံစားရဦးမှာ ပေါ့လေ ဟားးဟားး "
ဒုန်းစိုင်း ဝင်လာသည့် လူများ အခန်းထဲရောက်ချိန်တွင် အေးစက်စက်ရယ်နေသည့် ချန်းယန်ကို တွေ့လိုက်ကြရသည်။ မျက်လွှာတို့ကို ချထားခဲ့ပြီး ‌မျက်တောင်တို့က ထင်ရှားနေခဲ့ကာ နူတ်ခမ်းပါးလေးက လှပစွာ ကော့ညွှတ်နေခဲ့သည် ။ အေးစက်စက် ရယ်နေတာ ဖြစ်သည့်တိုင် ချောမောမှုကအတိုင်းအဆမရပေ ။ နေရောင်ခြည်အောက်တွင် ငွေရောင် ဆံနွယ်များက ပုခုံးထက်တွင် ဝဲကျနေခဲ့ကာ အနက်ရောင် ဝတ်စုံပေါ်တွင် ပေါ်လွင်နေခဲ့သည် ။
သူတို့ ကြည့်နေစဉ်မှာပင် ရယ်မောသံက တိခနဲ ပြတ်သွားကာ မှိတ်ထားသည့် မျက်လွှာများက ဆတ်ခနဲ ပွင့်လာခဲ့ကာ နက်မှောင်နေသည့် မျက်ဆံကို ဖော်ပြလိုက်သည် ။ မျက်တောင်များက အနည်းငယ် တုန်ယင်နေသည်ကို သေချာကြည့်လျှင် တွေ့နိုင်ပေသည် ။