Arc.8.25
2.4K 432 98
ဟုန်ယိဂိုဏ်းတွင် မို့ယောင်သည် တည်ငြိမ်သည့် အမှုအရာဖြင့် ရှိနေခဲ့၏ ။ သူ့စိတ်ထဲတွင် အလွန်စိတ်ကျေနပ်နေသော်လည်း မျက်နှာပေါ်တွင် မပေါ်အောင် ဖုံးကွယ်ထားသည် ။ သည်အချိန်တွင် တံခါးပွင့်သွားပြီး ဟွားရန်သည် ‌ဗန်းတစ်ခု ကိုင်လျက် ဝင်လာခဲ့သည် ။ " အစ်ကိုမို .."
သူမ စကားမစရသေးခင်ပင် မို့ယောင်က လက်ကာပြလိုက်ပြီး ထရပ်လိုက်သည် ။ " နောက်တစ်ခါ ငါကျင့်ကြံနေတဲ့အချိန် လာမနှောက်ယှက်နဲ့ .. " ဟုဆိုကာ သူမအား ဖြတ်ကျော်လျက် ထွက်သွားခဲ့သည် ။ ဟွားရန်သည် မို့ယောင်၏ ကျောပြင်ကို တွေတွေကြီး ငေးကြည့်လျက်သားဖြင့် နူတ်ခမ်းကိုက်ကာ ကျန်ရစ်နေခဲ့သည် ။
မို့ယောင်သည် တဖြည်းဖြည်းတိုးတက်လာသည်နှင့်အမျှ သူမအတွက် လိုက်မီဖို့ ခက်ခဲလာသည် ။ သူ့ဘေးနားက မိန်းမများတွင် ယုလန်အပြင် နတ်ဆေးသမားတော် မိန်ချင်းချင်းကဲ့သို့ ရှားပါးလှသည့် ပါရမီရှင်များသာ ဘေးတွင် ယှဉ်ရပ်နိုင်ခဲ့ပြီး ကျန်သည့်သူများသည် အမေ့လျော့ခံများ ဖြစ်လာခဲ့၏ ။ သူမသည် ပါရမီရှင်ဖြစ်သော်ငြား ထူးခြားလှသည်တော့မဟုတ်ပေ ။
" ဒီတစ်ခေါက် ထိပ်သီးညီလာခံကို နတ်ဆိုးသခင်ကိုယ်တိုင် ရောက်လာတယ်တဲ့ .. ဘယ်လောက်တောင် မျက်နှာပြောင်လိုက်သလဲကွာ .. ထိုက်ရှန်းဂိုဏ်းတော့ လူပြောများတော့မှာ မြင်ယောင်သေး ဟီးးဟီးး "
" အဲ့နှစ်ကစပြီး ထိုက်ရှန်းဂိုဏ်းက အခုထိ မျက်နှာတောင် မဖော်ရဲဘူး .. သူတို့ ဂိုဏ်းရဲ့ ထိပ်ဆုံး ပါရမီရှင်ကြီးက နတ်ဆိုးကျင့်ကြံသူဖြစ်ရုံမက နတ်ဆိုးဂိုဏ်းကိုပါ တည်ထောင်ထားသေးတယ် .. "
" ဟုတ်ပ့ကွာ .. အတော်ဆုံး ပါရမီရှင်နှစ်ယောက်ကို တစ်ရက်တည်း ဆုံးရှုံးလိုက်ရတာမလား .. အဲ့နှစ်ယောက်က အကြီးအကဲမို့ကိုတောင် ဖိနှိပ်နိုင်ခဲ့တာနော် .. ဆုံးရှုံးမှု အကြီးကြီးဘဲ " စကားစမြည်ပြောနေသည့် ဂိုဏ်းသားတစ်ယောက်က အသံလျော့ကာ ပြောလိုက်ခြင်းဖြစ်သည့်တိုင် ဟွားရန်က ရှင်းရှင်းလင်းလင်း ကြားလိုက်ရသေးသည် ။ သူမ၏ အတွေးထဲတွင် မပေါ်တာကြာပြီဖြစ်သည့် နာမည်တစ်ခုက ‌ခပ်ရေးရေးဖြစ်နေရာမှ ထင်ထင်ရှားရှား ဖြစ်လာခဲ့၏ ။