Arc.6.3
3.5K 558 69
" ကယ်ကြပါဦး!!!!  ကယ်ကြပါဦး!!! " ကူကယ်ရာမဲ့သည့် အော်သံသဲ့သဲ့ တစ်ခုသည် မြေအောက်ခန်းတွင် ပဲ့တင်ထပ်နေခဲ့သည် ။
ဒေါက်!! ဒေါက်!!! ဒေါက်!!!
သံလှေကားကို နင်းခြေရင်း ဆင်းလာသည့် တည်ငြိမ်သည့်ခြေသံက ထိုအသံကို တိုးဝင်သွားစေခဲ့သည် ။ သံကြိုးသံများက ဆူညံသွားကာ နံရံသို့ ကပ်သွားသည်ထိပောင် ဆုတ်ခွာသွားသည့် ပုံရိပ်ကို တွေ့လိုက်ရပေသည် ။ မျက်နှာထက်တွင် ကြောက်လန့်နေမှုများက မကောင်းဆိုးဝါးတစ်ကောင် ကို တွေ့လိုက်ရသလိုပင် ။ နူတ်ခမ်းများသည် တုန်ယင်နေကာ စကားသံပင် မထွက်ခဲ့ပေ ။
ရောက်လာသူ၏ ခြေထောက်အား ဖက်တွယ်လိုက်ကာ " မသတ်ပါနဲ့.. ကျွန်မကို မသတ်ပါနဲ့ .. ငွေ ဘယ်လောက်လိုချင် ချင်ပေးပါ့မယ်.. ကျွန်မကို လွှတ်!!!! " ဆံပင်ကနေ ဆွဲကိုင်ခံလိုက်ရသဖြင့် ထိတ့်လန့်သွားကာ စကားသံများ ရပ်တန့်သွားသည် ။ ဆံပင်များကို ဆုပ်ကိုင်ထားသည့် လက်များက လက်အိတ်အနက်ကို ဝတ်ဆင်ထားခဲ့သည် ။
အမျိုးသမီး၏ ရုန်းကန်နေသည့် အသံများနဲ့ ပစ္စည်းများကို တိုက်မိသည့် အသံများက လွဲလျင် အခန်းတွင် တည်ငြိမ်သည့် ခြေသံတစ်ခုသာ ပဲ့တင်ထပ်နေသည် ။ စမ်းသပ်ကုတင်ပေါ် ရောက်သည့် အချိန်တွင် ထိုအသံများအစား နာကျင်စွာ အော်ဟစ်သည့် အသံများသာ ထွကပေါ်လာသည် ။ ထိုအသံများက အသားများ တလွှာချင်း လှီးဖြတ်ခံရသလို .. အာရုံကြောများက အလွန်လှုံ့ဆော်ခံရသဖြင့်အသဲခိုက်အောင် နာကျင်သည့်အသံများပင် ။
ခနအကြာတွင် အသံများက ငြိမ်သက်သွားသလို စမ်းသပ်ကုတင်ပေါ်က အမျိုးသမီး၏ မျက်ဝန်းများသည်လည်း အသက်မဲ့သွားခဲ့သည် ။ အခန်းတွင် ကိရိယာများ အသုံးပြုနေသံသာ ထွက်ပေါ်နေခဲ့ပြီး ထူးမခြားနားဖြစ်နေသော်လည်း မြင်ကွင်းနဲ့ အပ်စပ်လိုက်သည့်အချိန်တွင် အလွန်ခြောက်ခြားဖွယ်ကောင်းလှသည် ။
အဆုံးတွင် ထိုအသံများက ရပ်တန့်သွားခဲ့ပြီး ခံစားချက်မဲ့သည့် အသံတစ်ခု ထွက်ပေါ်လာသည် ။
" မအောင်မြင်ပြန်ဘူး .. " သာမန်သာ ပြောလိုက်သည့် ထိုအသံက လူ့အသက်တစ်ချောင်းသည် ဘာမှမဟုတ်ဟု ပြောနေသယောင် သွေးအေးလွန်းလှသည် ။