Arc.8.7
2.7K 515 62
အဟွတ်!!!
ဖြူစွတ်သည့် နှင်းများပေါ်တွင် နီရဲသည့် သွေးတဗွက်ပေါ်လာခဲ့သည် ။ ချန်းယန်က အားနည်းလာသည့် ခန္ဓာကိုယ်ကြောင့် မြေပြင်အား လက်ထောက်လိုက်ရပြီး နူတ်ခမ်းတောင့်စွန်းမှ သွေးစက်များကို သုတ်လိုက်ရသည် ။
" အမြင်အာရုံဆုံးရှုံးထားတဲ့အပြင် ဒီလို ဝေဒနာကို ခံစားရသေးတယ် .. မူလကိုယ်က အချစ်ကြောင့် တော်တော်ဒုက္ခများခဲ့တာဘဲ .. " သူက ပတ်ဝန်းကျင်မှာ အရာများကို ချီစွမ်းအင်ဖြင့် အာရုံခံနိုင်သော်လည်း မျက်ဝန်းမှ မြင်နေရသည့် မှောင်မဲနေသည့် မြင်ကွင်းက သူ့အား ကူကယ်ရာမဲ့မှုတချို့ကိုပင် ခံစားရစေသည် ။ လက်ရှိ သူက မို့ယောင်ထံမှ ရိုက်ချက်ကို ခံလိုက်ရသေးသဖြင့် သူ့ချီစွမ်းအင်ပင် မတည်မငြိမ်ဖြစ်လာကာ အာရုံခံစားမှု ကျဆင်းလာသည် ။
' ဒီတစ်ခါတော့ တကယ် သာမန်မျက်မမြင်တစ်ယောက် ဖြစ်တော့မှာပေါ့ .. ' ချန်းယန်က အခန်းထဲသို့ သတိထားလျှောက်သွားပြီး ကျင့်ကြံရန် ပြင်ရတော့သည် ။ စနစ်အား အမြဲ အားကိုးနေရသည်က အလွန်သက်တောင့်သက်သာ ဖြစ်သော်လည်း သူ့ကိုယ်သူ အသုံးချဖို့လဲ မမေ့ပေ ။ လက်ရှိ ခန္ဓာကိုယ်သည် သူ့အပိုင်ဖြစ်သဖြင့် သူက ဂရုစိုက်ဖို့လိုသည်မှာ ပြောစရာမလိုသည့် ကိစ္စပင် ။
သူဝင်သွားပြီးချိန်တွင် သွေးကွက်ရှေ့၌ အနီရောင်ပုံရိပ်တစ်ခုပေါ်လာခဲ့သည် ။ လော့ကျွင်းသည် သွေးစက်များကို ထိလိုက်ရင်း အမှုအရာက ဖျော့တော့သွားသည် ။ သူက ခြံဝင်းထဲရှိ မက်မွန်ပင် ပေါ်သို့ ညင်သာစွာ တက်လိုက်ကာ ဓားကို ပိုက်လျက် ချန်းယန်အား စောင့်ဆိုင်းနေခဲ့သည် ။ သူ့လှုပ်ရှားမှုများသည် ညင်သာနေသဖြင့် ဒဏ်ရာရထားသည့် ချန်းယန်သည် လုံးဝသတိထားမိခဲ့ခြင်း မရှိပေ ။
' ခြံဝင်းထဲက အပြင်ကထက် ပိုနေလို့ကောင်းတာဘဲ .. မဟုတ်ရင် ငါက ဒီတောင်ပေါ်မှာ နေဖို့ စဉ်းစားနေရဦးမှာ ..' လော့ကျွင်း၏ အကြည့်က ပိတ်ထားသည့် တံခါးထံသို့ ရောက်သွားခဲ့သည် ။
' မဖြစ်နိုင်တာ .. ဘယ်လိုလုပ် ငါ့အတွက် လုပ်ပေးထားတာ ဖြစ်ရမှာလဲ ... ရှီရှုံးက သူ့ဘာသာ ကောင်းကောင်းလေး နေချင်လို့ ဖြစ်မှာပါ .. ဟုတ်တယ် အဲ့လိုဘဲ ဖြစ်မှာ ..'