Arc.4.13
3.1K 571 92
ရီဗဲလ်က တုန်ယင်နေသည့်သူ့လက်များကို တစ်ဖက်နဲ့တစ်ဖက် ထပ်ကာ ဆုတ်ကိုင်ထားခဲ့ကာ ချောင်ကျသည့် နေရာလေးတွင် ပုန်းခိုနေခဲ့သည် ။ အပြင်ဘက်တွင် အစေခံနဲ့အစောင်များသည် မေ့မျောနေကြပြီး အကာအကွယ်စည်းမှာလဲ မရှိတော့ချေ ။
ဒုန်း!!!!
" ရီဗဲလ်!!! ထွက်လာခဲ့.. " ခက်ထန်သည့်အသံနဲ့အတူ လှဲကျသွားသည့် ခုံကထွက်လာသည့် ကျယ်လောင်သည့်အသံကြောင့် ရီဗဲလ်၏ ကိုယ်လေးမှာ တစ်ချက်တုန်ယင်သွားခဲ့သည် ။ သူ့လက်များက လည်ပင်းသို့အရောက်တွင် စမ်းမိလိုက်သည့် ကျောက်ကလေးကြောင့် မျှော်လင့်ချက်လေး ပေါ်လာခဲ့သည်။
" ရီဗဲလ်..မင်းက vampire တွေအတွက် ပေးဆပ်ဖို့ မွေးလာတာလေ .. အခုလို ပုန်းနေလို့ ဘယ်ဖြစ်မလဲ .. အထူးသဖြင့် လူသားတွေနဲ့ မနေသင့်ဘူးလေ .." လေသံသည်တမျိုးပြောင်းသွားခဲ့ကာ ပြောလာသော်လည်း နီးကပ်လာသည့် ခြေသံကြောင့် ရီဗဲလ်သည် ပိုမိုကြောက်ရွံ့လာခဲ့သည် ။
" သခင်!!! သခင်!! ကျွန်တော့်ကိုကယ်..." လျပ်တပြက်ပင် သူ့ရှေ့တွင် လူတစ်ယောက်ပေါ်လာခဲ့ကာ လည်ပင်းကိုဆုပ်ကိုင်လိုက်သဖြင့် ပြောလက်စ စကားသည် ပြတ်တောက်သွားခဲ့သည် ။ အနီရောင်ဝတ်ရုံကို ခြုံထားသည့် သူက ရီဗဲလ်၏ ကြောက်ရွံ့ နေသည့်ပုံအား အရသာခံကြည့်လိုက်ကာ သူ့ရဲ့အစွယ်များကို ပေါ်သည်အထိ ရယ်လိုက်သည် ။
" ဟီးးဟီးးး မိသွားပြီ.."
တဖက်တွင် ရိုမန်ရေးဆွဲနေသည့် ဂါထာကပြီးဆုံးသွားလေသည် ။ ကြက်သွေးရောင် အလင်းတစ်ချက်လက်သွားကာ နေရာမှပျောက်ကွယ်သွားခဲ့သည် ။
ရီဗဲလ်က ရုန်းကန်နေသော်လည်း အရာမထင်ခဲ့ပေ ။ အနီရောင်ဝတ်စုံနဲ့လူက ရီဗဲလ်အား အသေအချာကြည့်လိုက်သည်။ အရင်ကလို စုတ်ပြတ်နေသည့်အဝတ်အစားမဟုတ်ဘဲ အပြာရင့်ရောင် ဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားခဲ့ပြီး ဖြူဖွေးသည့်အသားအရေက ထင်းထွက်နေခဲ့သည် ။ အသက်ရှုမဝသဖြင့် ဟနေသည့် နူတ်ခမ်းဖူးဖူးလေးအပြင် လျှာရဲရဲလေးကိုပါ မြင်နေရလေသည် ။ ကူကယ်ရာမဲ့နေသည့် မျက်ဝန်းပြာပြာတို့က သူ့အား အပိုင်သိမ်းလိုစိတ်ကို နိုးဆွနေသလိုပင် ။