Arc.5.9
3.6K 584 11
သန်းခေါင်ယံညဟာ မှောင်မဲနေခဲ့ပြီး ကျောချမ်းဖွယ်ရာ တိတ်ဆိတ်မှု ကြီးစိုးနေခဲ့သည် ။ ညအချိန် အပြင်မထွက်ရအမိန့်ကြောင့် လမ်းမထက်တွင် သက်ရှိတစ်ဦးတစ်‌လေမှ မတွေ့နိုင်ခဲ့ဘဲ လမ်းကြိုလမ်းကြား မကျန် လူသူကင်းမဲ့မှုက ခြောက်ခြားစရာကောင်းနေခဲ့သည် ။ တိတ်ဆိတ်မှုထဲတွင် အချိန်မရွေးထပေါက်ကွဲနိုင်သည့် အငွေ့အသက်က ပိုလို့ထိတ်လန့်ဖွယ်ရာပင် ။
ရှန်မန်မြို့ သည် မြို့တော်နဲ့ အနည်းငယ်အလှမ်းဝေးသည့် မြို့တစ်မြို့ဖြစ်သည် ။ နန်းတွင်းနဲ့ သိပ်မဆက်စပ်ဘဲ သိုင်းလောကနဲ့ ပိုဆက်နွယ်နေသည့် မြို့တစ်ခုလဲ ဖြစ်သည် ။ အကြောင်းအရင်းကတော့ သိုင်းလောကတွင် နာမည်ကြီးသည့် ဂိုဏ်းတစ်ခုက ဤမြို့တွင် အခြေစိုက်ထားခဲ့သောကြောင့်ပင် ။
စီမာအိမ်တော် ...
စီမာအိမ်တော်သည် သိုင်းလောကတွင်အလွန်ဩဇာကြီးသည့် အိမ်တော်ဖြစ်သည့်အလျောက် အဆင့်အတန်းမြင့်သည့် ခြံဝင်းကျယ်ကြီးကို ပိုင်ဆိုင်ထားသည် ။ မြို့ရဲ့ အဓိကကျသည့် မေယာတွင် ရှိကာ လုံခြုံရေးမှာ အထူးပြောစရာမလိုချေ ။
မနက်ဖြန်သည် လူတိုင်းမျှော်နေကြသည့် နွေဦးပွဲတော်ရက်ဖြစ်သော်လည်း ရှန်မန်မြို့၏ တိတ်ဆိတ်သည့် အခြေအနေမှာ တွေးစရာမလိုအောင် လက်တလောထွက်ပေါ်နေသည့် ရတနာကြောင့်ပင် ။ သို့သော် ထိုတိတ်ဆိတ်မှုက သန်းခေါင်ယံကျော်လွန်ချိန်၌ လုံးဝပျောက်ကွယ်သွားတော့သည် ။
" လိုက်!!! တစ်ယောက်မှ မလွှတ်စေနဲ့!!! " အမိန့်သံအဆုံး တူညီဝတ်စုံ ဝတ်ဆင်ထားကြသည့် လူများသည် အမဲဖျက်တော့မည့်အလား တဟုန်ထိုးထွက်လာကြသဖြင့် မြို့မှအရာရှိကိုပင် ထိတ်လန့်သွားစေခဲ့သည် ။ အရာရှိက ဝတ်စုံကို ကောက်ဆွဲဝတ်လာခဲ့သဖြင့် ဖရိုဖရဲဖြစ်နေသော်လည်း သူက ဂရုမစိုက်နိုင်သေးပေ ။ ဒီစီမာ မိသားစုက ဘာကြောင့် ရုတ်တရက်ကြီး ထလှုပ်ရှားရသလဲ သူသိဖို့ လိုသည် မဟုတ်လား ..။
အိမ်ခေါင်မိုးတစခုမှ တစ်ခုသို့ ပေါ့ပါးစွာ ခုန်ကူးနေသည့် အနက်ရောင်ပုံရိပ်၏ လှုပ်ရှားမှုများသည် ညင်သာကာ ဖျတ်လတ်မှုအပြည့်ရှိပြီး မြားအစင်းပေါင်း ရာချီကို သက်တောင့်သက်သာ ရှောင်တိမ်းနေခဲ့သည် ။